0 Shares 1626 Views

HongMeng OS ထည့္ထားတဲ့ Device ေပါင္း ၁ သန္း ထုတ္ထားတဲ့ Huawei

Jun 12, 2019
0 1626

ၿပီးခဲ့တဲ့မတ္လက တ႐ုတ္နဲ႔ အေမရိကန္တို႔ ကုန္သြယ္ေရးစစ္ပြဲေရခ်ိန္ျမင့္မားေနခ်ိန္မွာ Huawei ရဲ႕ စီအီးအို Richard Yu က Android ကို သံုးလို႔မရေတာ့ဘူးဆိုရင္ ကိုယ္ပုိင္ OS တစ္ခု ဖန္တီးထားတယ္လို႔ ေျပာခဲ့ပါတယ္။ မၾကာခင္ကေတာ့ အေမရိကန္အစိုးရက သူ႔ႏုိင္ငံမွာ Huawei ရဲ႕ထုတ္ကုန္မ်ားတင္သြင္းျခင္းကို ပိတ္ပင္မယ္လို႔ ေၾကညာလိုက္ပါတယ္။ Google ကလည္း Android OS ကို ပိတ္ပင္မယ္လို႔ ေျပာခဲ့ပါတယ္။ Huawei ရဲ႕ စမတ္ဖုန္းသန္းေပါင္းမ်ားစြာဟာလည္း Software Updates မ်ားကို ရရွိေတာ့မွာ မဟုတ္ပါဘူး။

အခုေတာ့ ဟြာေ၀းက HongMeng OS ထည့္ထားတဲ့ Device ေပါင္း ၁ သန္းကို ထုတ္လုပ္ထားတယ္လို႔ သတင္းထြက္လာပါတယ္။ Rosenblatt Securities ကေန ဒီသတင္းထြက္လာတာ ျဖစ္ၿပီး ဟြာေ၀းက အဲဒီ Devices မ်ားကို စမ္းသပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အဲဒီ အလံုးမ်ားဟာ ေစ်းကြက္ထဲေရာင္းခ်ဖို႔ ရယ္ဒီ ျဖစ္ေနတဲ့ အလံုးေတြလားဆိုတာ မသိရေသးပါဘူး။

Huawei ရဲ႕ OS ကို ဖုန္း၊ ကြန္ပ်ဴတာ၊ တက္ဘလက္၊ တီဗီ၊ ကား၊ ခ်ပ္၀တ္တန္ဆာကြန္ပ်ဴတာနဲ႔ အျခားထုတ္ကုန္မ်ားမွာ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ OS မွာ Android Apps နဲ႔ Web Apps မ်ားကိုပါ အသံုးျပဳႏုိင္မွာပါ။ Huawei ရဲ႕ OS မွာ Android Apps မ်ားဟာ 60 ရာခုိင္ႏႈန္းပိုျမန္မယ္လို႔ သိရပါတယ္။ ေဆာင္းရာသီမတိုင္ခင္မွာ အေစာဆံုးအေနနဲ႔ စတင္ျဖန္႔ခ်ိေပးသြားမယ္လို႔ သိရပါတယ္။

Ref : gsmarena

[Unicode]

HongMeng OS ထည့်ထားတဲ့ Device ပေါင်း ၁ သန်း ထုတ်ထားတဲ့ Huawei

ပြီးခဲ့တဲ့မတ်လက တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ်ပွဲရေချိန်မြင့်မားနေချိန်မှာ Huawei ရဲ့ စီအီးအို Richard Yu က Android ကို သုံးလို့မရတော့ဘူးဆိုရင် ကိုယ်ပိုင် OS တစ်ခု ဖန်တီးထားတယ်လို့ ပြောခဲ့ပါတယ်။ မကြာခင်ကတော့ အမေရိကန်အစိုးရက သူ့နိုင်ငံမှာ Huawei ရဲ့ထုတ်ကုန်များတင်သွင်းခြင်းကို ပိတ်ပင်မယ်လို့ ကြေညာလိုက်ပါတယ်။ Google ကလည်း Android OS ကို ပိတ်ပင်မယ်လို့ ပြောခဲ့ပါတယ်။ Huawei ရဲ့ စမတ်ဖုန်းသန်းပေါင်းများစွာဟာလည်း Software Updates များကို ရရှိတော့မှာ မဟုတ်ပါဘူး။

အခုတော့ ဟွာဝေးက HongMeng OS ထည့်ထားတဲ့ Device ပေါင်း ၁ သန်းကို ထုတ်လုပ်ထားတယ်လို့ သတင်းထွက်လာပါတယ်။ Rosenblatt Securities ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး ဟွာဝေးက အဲဒီ Devices များကို စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲဒီ အလုံးများဟာ ဈေးကွက်ထဲရောင်းချဖို့ ရယ်ဒီ ဖြစ်နေတဲ့ အလုံးတွေလားဆိုတာ မသိရသေးပါဘူး။

Huawei ရဲ့ OS ကို ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ တီဗီ၊ ကား၊ ချပ်ဝတ်တန်ဆာကွန်ပျူတာနဲ့ အခြားထုတ်ကုန်များမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ OS မှာ Android Apps နဲ့ Web Apps များကိုပါ အသုံးပြုနိုင်မှာပါ။ Huawei ရဲ့ OS မှာ Android Apps များဟာ 60 ရာခိုင်နှုန်းပိုမြန်မယ်လို့ သိရပါတယ်။ ဆောင်းရာသီမတိုင်ခင်မှာ အစောဆုံးအနေနဲ့ စတင်ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category