Sony က အနောက်ကင်မရာ ခြောက်လုံးပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေ

စမတ်ဖုန်း ကင်မရာများဟာ DSLR Camera များလောက် စွမ်းဆောင်ရည်မြင့်မားလာကြပါပြီ။ အဲဒီလို စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် အပို ကင်မရာများ ထည့်သွင်းလာကြပါတယ်။ ပင်မ ကင်မရာနဲ့အတူ ဒေတာများ ပိုမို ဖမ်းယူပေးတဲ့ ကင်မရာ၊ မြင်ကွင်းကျယ် ကင်မရာ၊ အကွာအဝေး တွက်ချက်ပေးတဲ့ ကင်မရာများကို ထည့်သွင်းပေးလာကြပါတယ်။

လက်ရှိအချိန်အထိ အနောက်ကင်မရာ အများဆုံးပါတဲ့ စမတ်ဖုန်း အဖြစ် စံချိန်တင်ထားတာက Nokia 9 PureView ဖြစ်ပြီး အနောက်ကင်မရာ ငါးလုံး ထည့်သွင်းထားပါတယ်။ နိုကီယာဟာ မကြာခင်မှာတော့ သူ့ရဲ့ စံချိန်ကို ဆုံးရှုံးသွားတော့မယ်လို့ ထင်ရပါတယ်။ Sony ရဲ့ အနောက်ကင်မရာ ခြောက်လုံးပါတဲ့ စမတ်ဖုန်းရဲ့ ဓါတ်ပုံတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။

အနောက်ကင်မရာ သုံးလုံးစီကို ဒေါင်လိုက် နှစ်တန်း တပ်ဆင်ထားပါတယ်။ ကင်မရာများရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ Main Camera နဲ့အတူ Wide-angle , Telephoto, ToF နဲ့ Main Camera များ ပါလာမှာ သေချာပါတယ်။ နောက်နှစ်လုံးက ဘာအတွက်လဲဆိုတာ မသိရသေးပါဘူး။

ဓါတ်ပုံမှာ အရှေ့ဘက်ကို မပြသထားပေမယ့် သူ့မှာ ဆဲလ်ဖီး ကင်မရာ နှစ်လုံးပါမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ကင်မရာများရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုလည်း မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းဟာ Xperia Series ထဲက ဖြစ်လာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ လက်ရှိမှာ ဖန်တီးနေဆဲ အဆင့်မှာသာ ရှိသေးတဲ့ အတွက် ဒီနှစ်နှောင်းပိုင်း သို့မဟုတ် လာမယ့်နှစ် အစောပိုင်းကျမှသာ တရားဝင် မြင်ရနိုင်ပါတယ်။

Ref : gsmarena

Sony က အနောက်ကင်မရာ ခြောက်လုံးပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေ

%d bloggers like this: