0 Shares 169 Views

Xiaomi က ECG Sensor ပါတဲ့ Smart Watch 2 ကို ကြေညာ

Jun 12, 2019
0 169





Ref : gsmarena

[Unicode]

Xiaomi က ECG Sensor ပါတဲ့ Smart Watch 2 ကို ကွညော

Xiaomi ပိုင်တဲ့ Huami က စမတ်နာရီ အသစ်များကို ကြေညာလိုက်ပါတယ်။ Amazfit Smart Watch 2 မှာ Apple Watch 4 မှာလို ECG Sensor ထည့်သွင်းထားပါတယ်။ သူ့မှာ မျက်နှာပြင် အဝိုင်း ထည့်သွင်းထားပြီး ၁.၃၉ လက်မ OLED Display ဖြစ်ပါတယ်။ 454x454p Resolution ရှိပါတယ်။ မျက်နှာပြင် သိပ်သည်းဆမှာ 326ppi ဖြစ်ပါတယ်။ OLED Panel ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

Amazfit Smart Watch 2 မှာ Snapdragon Wear 2500 Chipset , 512MB RAM , 4GB Storage များ ထည့်သွင်းထားပါတယ်။ Amazfit OS ထည့်သွင်းထားပြီး စမတ်နာရီကို Android 4.4+ , iOS 10+ Phone များနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Qualcomm Chipset က 4G ကို ထောက်ပံ့ပေးပြီး eSIM နဲ့ VoLTE များကို အသုံးပြုနိုင်ပါတယ်။ 420mAh Battery က 4G Mode မှာဆိုရင် ၂၈ နာရီ အသုံးခံပါတယ်။ မိုက်ကရိုဖုန်းနဲ့ စပီကာများ ပါပါတယ်။ GPS+GLONASS+BeiDou ဖြင့် တည်နေရာကို တိုင်းတာပေးပါတယ်။

ECG Sensor ပါတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ နှလုံးခုန်နှုန်း ဒေတာများကို မိနစ် ၆၀ ကြာ တွက်ချက်တိုင်းတာပေးပြီး စမတ်နာရီထဲမှာပဲ သိမ်းဆည်းပေးထားပါတယ်။ Avenger Limited Edition ကိုလည်း ထုတ်လုပ်ထားပြီး အလုံးရေ ၅၀၀၀ သာ ရောင်းပေးမှာပါ။ ရေထဲဝတ်ဆင်သွားနိုင်ပါတယ်။ သာမာန် မော်ဒယ်ကို ၁၄၅ ဒေါ်လာနဲ့ ECG Model ကို ၁၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Avenger Limited Edition ဟာ ၂၁၅ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category