၂၅ ဒေါ်လာသာရှိတဲ့ Xiaomi Mi Band 4 Fitness Tracker

Xiaomi က ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ Mi Band 4 Fitness Tracker ကို ကြေညာလိုက်ပါတယ်။ ၂၅ ဒေါ်လာသာ ရှိတဲ့အတွက် ဈေးသက်သာပါတယ်။ သူ့မှာ ဝ.၉၅ လက်မ Color AMOLED Display ထည့်သွင်းထားပြီး 120x240p Resolution ဖြစ်ပါတယ်။ Mi Band 3 မှာတော့ ဝ.၇၈ လက်မ မျက်နှာပြင်ထည့်ထားပြီး 80x120p Resolution သာ ရှိပါတယ်။ အဲဒီအတွက် Mi Band 4 ရဲ့ မျက်နှာပြင်ဟာ ပိုမို တိုးတက်လာပါတယ်။

Mi Band 4 မှာ မီတာ ၅၀ အနက်အထိ ရေစိုခံတဲ့ စံနှုန်း ပါလာပါတယ်။ ရေကူးခြင်းကို တွက်ချက်တိုင်းတာပေးပါတယ်။ လက်ပစ်ကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး စတဲ့ ရေကူးနည်းများကိုလည်း သူက နားလည်ပါတယ်။

Mi Band 4 မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာနဲ့ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းလို ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးဖို့ Six-Axis Accelerometer ပါပါတယ်။ လက်ပတ်ကို Bluetooth 5.0 ဖြင့် ဖုန်းနဲ့ချိတ်ဆက်နိုင်ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် ရက် ၂၀ လောက် အသုံးခံပါတယ်။

အရောင်ခြောက်မျိုးထုတ်လုပ်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ အခြား နိုင်ငံများမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : tnw

၂၅ ဒေါ်လာသာရှိတဲ့ Xiaomi Mi Band 4 Fitness Tracker

%d bloggers like this: