0 Shares 23 Views

၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်နိုင်တဲ့ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ ကင်မရာကို Nikon ထုတ်ဖော်ပြသ

Jan 11, 2016
0 23

Key-Mission-360-flipside

ကင်မရာဈေးကွက်ကို ပြောင်းလဲပစ်မယ့် ကင်မရာတစ်မျိုးကို Nikon ဟာ စတင်မိတ်ဆက်လိုက်ပါတယ်။

၃၆၀ ဒီဂရီလှည့်ပတ်ကြည့်ရှုနိုင်တဲ့ဗီဒီယိုတွေကို 4K resolution နဲ့ ရိုက်ကူးနိုင်တဲ့၊ ကုမ္ပဏီရဲ့ ပထမဦးဆုံး လှုပ်ရှားမှုရိုက်အက်ရှင်ကင်မရာ KeyMission 360 ကို Nikon ဟာ ၂၀၁၆ ခုနှစ် CES အီလက်ထရောနစ်ကုန်စည်ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။

KeyMission 360 ကင်မရာဟာ GoPro ရဲ့ Hero Session 4 ကင်မရာထက် အနည်းငယ်ကြီးပြီး လေးထောင့်တုံးပုံစံကင်မရာတစ်လုံးဖြစ်ပါတယ်။ ကင်မရာ ရှေ့ ဘက်ကော၊ အနောက်ဘက်မှာပါ မှန်ဘီလူးတွေပါရှိတာကို မြင်တွေ့ ရပါတယ်။ အမြင့်ပေ ၇ ပေကနေ ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပြီး ရေထဲ ပေ ၁၀၀ အထိ နှစ်ကာ ရိုက်ကူးနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ကင်မရာတုန်ခါမှုကြောင့် ပုံရိပ် ၀ိုးတိုးဝါးတားဖြစ်မှုကို အနည်းဆုံးအဆင့်ထိလျှော့ချပေးနိုင်တဲ့ (VR) နည်းပညာကိုလည်း Nikon က ဒီကင်မရာမှာ ထည့်သွင်ပေးထားပါတယ်။

ဒီအချက်တွေကလွဲပြီး Nikon ဟာ ဒီကင်မရာရဲ့ဈေးနှုန်း၊ ဘက်ထရီသက်တမ်း၊ ၀ယ်ယူရရှိမယ့်အချိန်နဲ့ မှန်ဘီလူးတစ်ခုစီရဲ့ ထောင့်အကျယ်ရိုက်ကူးနိုင်မှု စတဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမပြုလုပ်ခဲ့တာကို တွေ့ ရပါတယ်။

KeyMission 360 ကင်မရာဟာ ၃၆၀ ဒီဂရီအပြည့်မြင်ကွင်းကို ရိုက်ကူးနိုင်တဲ့ ကင်မရာအငယ်စားတစ်လုံးဖြစ်တဲ့အပြင် အသံပိုင်းဆိုင်ရာဖမ်းယူမှုမှာလည်း ဈေးကွက်ထဲက GoPro အပါအ၀င် တခြားအက်ရှင်ကင်မရာတွေအထက် အဆပေါင်းများစွာသာလွန်တယ်လို့  အက်ရှင်ဓာတ်ပုံရိုက်ကူးသူပညာရှင် Corey Rich က မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

Wi-Fi ၊ Bluetooth နဲ့ NFC နည်းပညာတွေ ပါဝင်တာကြောင့် တခြားစမတ်ဖုန်း၊တက်ဘလက်စတဲ့ပစ္စည်းတွေနဲ့ လည်း ခ်ျိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Nikon ရဲ့ KeyMission 360 ကင်မရာဟာ ၂၀၀၀ပြည့်နှစ်ကတည်းက GoPro ကုမ္ပဏီက လက်ဝါးကြီးအုပ်ထားတဲ့ အက်ရှင်ကင်မရာဈေးကွက်ကို ပြောင်းလဲပစ်နိုင်ဖွယ်ရှိနေပါတယ်။

 

 

Ref: The Verge

 

You may be interested

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
673 shares408 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်
Apple, Huawei, HUBS
314 shares202 views

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်

Ko Thuya - Sep 19, 2017

Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း Huawei က Apple ကို…

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို
Apple, smartwatch
178 shares65 views

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို

Zar Ni Nyein Tun - Sep 19, 2017

Apple ရဲ့ ထုတ်ကုန်ဝယ်လိုအားဖော်ပြမှုမှတ်တမ်းကို KGI လုံခြုံရေးအဖွဲ့အစည်းက Ming-Chi Kuo မှ ဒီနေ့မှာ ဖော်ပြခဲ့ပြီး iPhone X ရဲ့ ပြည်ပဝယ်လိုအားအပေါ် တင်ပို့မှုကို သုံးသပ်ခဲ့ပါတယ်။ iPhone X ရဲ့ ကြိုတင်ဝယ်ယူမှုဟာ ဒီလထဲမှာ အရှိန်အဟုန်နဲ့ မြှင့်တက်ခဲ့တယ်ဆိုပေမယ့်…

Leave a Comment

Most from this category