Symphony Summer အရောင် ထွက်လာမယ့် Vivo X27

Vivo X27 ကို မတ်လမှာ ကြေညာခဲ့စဉ်က Pink Gold နဲ့ Blue အရောင်များသာ ရွေးချယ်နိုင်ပါတယ်။ အခုတော့ Symphony Summer အမည်ရ အရောင် ထွက်လာတော့မှာပါ။ အရောင်က အရမ်းလန်းပါတယ်။ အရောင်သာ ကွာခြားပြီး ဈေးနှုန်းနဲ့ အခြား Specs များက မူလမော်ဒယ်နဲ့ တူကြပါတယ်။

သူ့ရဲ့ 8GB/128GB Model ကို တရုတ်မှာ ယွမ် ၃၁၉၈ သတ်မှတ်ထားပါတယ်။ 8GB/256GB Model ကို ယွမ် ၃၅၉၈ ကျသင့်မှာ ဖြစ်ပါတယ်။ သူ့မှာ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါပါတယ်။ 48MP Sony IMX586 Main Camera , 13MP Wide-angle Lens နဲ့ 5MP Depth Sensor များ ဖြစ်ပါတယ်။ Pop-up Selfie Camera က 16MP ဖြစ်ပါတယ်။ ကင်မရာမှာ ဉာဏ်ရည်တု နည်းပညာ လုပ်ဆောင်ချက်များ ထည့်သွင်းထားပါတယ်။ Pop-up ကင်မရာ ထွက်လာတဲ့ အမြန်နှုန်း မှာ ဝ.၆၈ စက္ကန့်ဖြစ်ပါတယ်။ Vapor Chamber က Chipset ရဲ့ အပူချိန်ကို လျှော့ချပေးပါတယ်။

၆.၃၉ လက်မ အရွယ်ကြီး မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

• Display 6.39-inch
• Processor hexa-core
• Front Camera16-megapixel
• Resolution 1080×2340 pixels
• RAM 8GB
• OS Android 9.0 Pie
• Storage 128GB
• Rear Camera 48-megapixel + 13-megapixel + 5-megapixel
• Battery Capacity4000mAh

Ref : gsmarena

Symphony Summer အရောင် ထွက်လာမယ့် Vivo X27

%d bloggers like this: