သဘာဝဘေးအန္တရာယ်များကို သတိပေးနိုင်လာတဲ့ Google Maps

Google က သူ့ရဲ့ Maps မှာ သဘာဝဘေးအန္တရာယ်များကို သတိပေးနိုင်တဲ့ လုပ်ဆောင်ချက် အသစ်ပါလာတယ်လို့ ပြောပါတယ်။ SOS Alerts လို့ အမည်ပေးထားပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ရင် သတိပေးနိုင်သလို သတင်းအချက်အလက်များကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ် ဖြစ်စဉ် အကျဉ်းချုပ်၊ သတင်းများ၊ ဓါတ်ပုံများကို ပြသပေးပါတယ်။

အရေးပေါ် ဖုန်းနံပါတ်များနဲ့ ဝက်ဘ်ဆိုက်များကို ပံ့ပိုးပေးမှာပါ။ ဒေသတွင်း အာဏာပိုင်များထံမှ ကြေညာချက်များကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ဟာရီကိန်း မုန်တိုင်း၊ ငလျင်နဲ့ ရေကြီးခြင်းများလို သဘာဝဘေးအန္တရာယ်များရဲ့ သတင်းအချက်အလက်များကို ပြသပေးမှာ ဖြစ်ပါတယ်။ မုန်တိုင်း မတိုက်ခင် ရက်ပိုင်းအလိုမှာလည်း ကြိုတင်သတိပေးနိုင်ပါတယ်။ မုန်တိုင်းကျရောက်မယ့် ဒေသများကို ကြိုတင်တွက်ချက် ပြသပေးပါတယ်။

ငလျင်လှုပ်မယ့် တည်နေရာများ၊ ပြင်းအားများကိုလည်း ပြသပေးနိုင်ပါတယ်။ ရေကြီးနိုင်မယ့် တည်နေရာများကိုလည်း အသိပေးနိုင်ပေမယ့် လက်ရှိမှာ ဒီလုပ်ဆောင်ချက်ကို အိန္ဒိယမှာသာ အသုံးပြုနိုင်ပါသေးတယ်။ Google Maps မှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်များကို ဒီနွေရာသီမှာ တိုးချဲ့ထည့်သွင်းပေးခဲ့ပါတယ်။

သဘာဝဘေး ကျရောက်မယ့် ဒေသများမှ လူများအား Notification များနဲ့ သတိပေးနိုင်ခြင်းနဲ့ ဘေးကင်းတဲ့ နေရာကို သွားနိုင်မယ့် ညွှန်ကြားချက်များ ပေးခြင်းများကို နောက်ပိုင်းမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Google Maps မှာ ကားမောင်းတဲ့ အမြန်နှုန်းကို ပြသပေးတဲ့ လုပ်ဆောင်ချက်လည်း ပါလာတယ်လို့ သိရပါတယ်။

Ref : digitaltrends

သဘာဝဘေးအန္တရာယ်များကို သတိပေးနိုင်လာတဲ့ Google Maps

%d bloggers like this: