သင့် ဖုန်းမှာ Full Screen Phone များမှာလို Navigation Gestures များကို ဘယ်လို သုံးမလဲ?

iPhone X နဲ့ နောက်ပိုင်းထွက် Android Phone များမှာ Physical Navigation Buttons များ မပါတော့ဘဲ Gestures များကိုသာ Navigation အတွက် အသုံးပြုကြပါတယ်။

သင့် ဖုန်းမှာလည်း ဒီလို Gestures များဖြင့် Navigate လုပ်ခြင်း၊ အလုပ်များလုပ်ခြင်းများ ပြုလုပ်ချင်ရင်တော့ Navigation Gestures အမည်ရ အသစ်ထွက် Android App ကို အသုံးပြုနိုင်ပါတယ်။ သူက သင့်ဖုန်းမှာ နဂိုပါတဲ့ Software Navigation Bar ကိုလည်း ဖျောက်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ဖုန်းကို Root လုပ်ထားစရာ မလိုပါဘူး။ သူ့ကို အင်စတောလုပ်ပြီးရင် စကရင်ရဲ့ အောက်ခြေမှာ ဆေးလုံး ပုံသဏ္ဍာန် ဘားတန်း ပေါ်လာမှာပါ။

ဘားတန်းကို တစ်ချက်ထိခြင်း၊ နှစ်ချက်ထိခြင်း၊ ဖိထားခြင်း၊ ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲခြင်းဖြင့် Home , Back , Recent Apps စတာတွေကို ဖွင့်နိုင်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုရင်တော့ အထက်ဖော်ပြပါ အခြေခံ အလုပ်များသာ လုပ်နိုင်ပါတယ်။ အခပေး ဝယ်ယူရင်တော့ အခြား အလုပ်များစွာကိုပါ ပြုလုပ်နိုင်ပါတယ်။ အဲဒီ အလုပ်များထဲမှာ App များဖွင့်ခြင်း၊ Notification Bar ကို ဆွဲချခြင်း၊ Quick Settings ကို ဖွင့်ခြင်း၊ ပါဝါ မီနူးကို ဖွင့်ခြင်း ၊ သီချင်းများ ကျော်ခြင်း၊ စကရင်ရှော့ ရိုက်ခြင်း စတဲ့ အလုပ်များစွာကို လုပ်နိုင်ပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ပြီးရင် Permissions အချို့ကို Accept လုပ်ပေးဖို့ ပြောမှာပါ။ ညွှန်ကြားချက်အတိုင်း လုပ်ပေးပါ။ သူ့ရဲ့ Home Screen မှာ Enable Gesture Pill ကို Enable လုပ်ရင် စကရင်ရဲ့ အောက်ခြေမှာ ဆေးလုံး ပုံသဏ္ဍာန် ဘားတန်းလေး ပေါ်လာမှာပါ။ သင့်ဖုန်းမှာ Software Navigation Bar ရှိရင် Hide လုပ်ပါ။

ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပြီး Settings ထဲသွားပါ။
Gestures ထဲသွားပြီး အလုပ်များကို သတ်မှတ်ပါ။ Taps ကဏ္ဍအောက်မှာ ဘားတန်းကို တစ်ချက်၊ နှစ်ချက် နှိပ်ခြင်း၊ ဖိထားခြင်းများ ပြုလုပ်ရင် လုပ်ရမယ့် အလုပ်ကို သတ်မှတ်ပါ။
Swipe ကဏ္ဍအောက်မှာလည်း ထိုနည်းလည်းကောင်း သတ်မှတ်ပါ။

အခမဲ့ ဗားရှင်းမှာတော့ Home, Back , Recent Apps , Assistant စတာတွေကိုသာ ရွေးချယ်နိုင်ပါတယ်။ အခပေးဗားရှင်းမှာတော့ အလုပ်များစွာ ပါပါတယ်။
Settings ထဲကနေ Apperance ထဲသွားရင် ဘားတန်းရဲ့ သွင်ပြင်၊ အရောင်နဲ့ အရွယ်အစားများကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။
Settings ထဲကနေ Behavior ထဲသွားပါ။ Show NavBar in Selected Apps ထဲမှာ App များကို ရွေးချယ်နိုင်ပါတယ်။ အဲဒီ App များကို ဖွင့်ထားရင် ဘားတန်းကိုပါ ပြသပေးမှာ ဖြစ်ပါတယ်။ မျက်စိနောက်လို့ ဘားတန်းကို မပေါ်စေချင်တဲ့ App များကို Hide Pill in Selected Apps မှာ ရွေးပေးပါ။ Vibration Duration မှာ ဘားတန်းကို နှိပ်ရင် တုန်ခါတဲ့ အချိန်ကို ပြောင်းလဲနိုင်ပါတယ်။

Navigation Gestures ဟာ Gestures များဖြင့် ဖုန်းမှာ အလုပ်များ လုပ်နိုင်တဲ့အတွက် ထူးခြား ဆန်းသစ်ပါတယ်။ iPhone X စတိုင် ဖမ်းချင်ရင်တော့ သူ့ကို သုံးကြည့်ပါ။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 5MB ရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

သင့် ဖုန်းမှာ Full Screen Phone များမှာလို Navigation Gestures များကို ဘယ်လို သုံးမလဲ?

%d bloggers like this: