ထူးခြားသော ဂုဏ်သတ္တိများပါဝင်နေသည့် OPPO F11 Jewelry White Limited Edition အရောင်သစ်ကို မိတ်ဆက်ပေးတော့မည်

 

ပုလဲဆိုသည်မှာ နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာပစ္စည်းတစ်ခုအဖြစ် မြန်မာနိုင်ငံတွင်အမြတ်တနိုး တန်ဖိုးထားဝတ်ဆင်တတ်ကြပါသည်။ နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာပစ္စည်းများသည် ထူးခြားလေးနက်မှုများနှင့်အတူ သူ့ဂုဏ်သတ္တိနှင့်သူရှိကြပါသည်။ ထို့အတူပင် ပုလဲတွင်လည်း ‘ကျက်သရေမင်္ဂလာရှိခြင်း’၊ ‘အေးချမ်းတည်ငြိမ်ခြင်းကို ရရှိစေခြင်း’ နှင့် ‘နူးညံံ့သိမ်မွေ့ခြင်း’ ဟူသော ဂုဏ်သတ္တိများနှင့်ပြည့်စုံနေပါသည်။ ထိုကဲ့သို့သော ဂုဏ်သတ္တိများနှင့်ပြည့်စုံနေသော ပုလဲဖြူရောင်နှင့် ခရမ်းနုရောင် တို့ကို အခြေခံပြီး gradient color အသစ် OPPO F11 Jewelry White Limited Edition ကို OPPO မှ မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါသည်။

OPPO F11 အတွက် Fluorite Purple နှင့် Marble Green ဟူသည့် အရောင်ပြေးကာလာနှစ်မျိုး မိတ်ဆက်ပေးထားပြီး ဖြစ်ပြီး ယခုအခါတွင် ထူးခြားသည့် ဂုဏ်သတ္တိများပါဝင်နေသော Jewelry White အရောင်ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မည် ဖြစ်ပါသည်။


လင်းလက်တောက်ပနေသော ပုလဲကဲ့သို့ အဖြူရောင်နှင့် ခရမ်းနုရောင် ရောစပ်ထားသော အရောင်ပြေးဒီဇိုင်းပေါ်တွင် တလက်လက်တောက်ပနေသော texture များဖြင့် ဖြန့်ကျက်ထားပါသည်။ ထူးခြားသော အရောင်ပြေးကာလာဖြင့် ပြုလုပ်ထားသောကြောင့် OPPO F11 Jewelry White သည် သုံးစွဲသူများအကြိုက်တွေ့စေမှာ ဖြစ်ပါသည်။ ယခုထွက်ရှိလာသည့် OPPO F11 Jewelry White အရောင်သစ်တွင် 6GB RAM+128GB ROM သိုလှောင်မှုပမာဏ ပါဝင်လာသောကြောင့် ယခင်ထွက်ရှိထားသော အရောင်များနှင့်မတူညီဘဲ စွမ်းဆောင်ရည်ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါသည်။

“အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်” OPPO F11 Jewelry White အရောင်သစ်တွင် ရေစက်ပုံစံမျက်နှာပြင်နှင့်အတူ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ၆.၅ လက်မရှိသော မျက်နှာပြင်အရွယ်အစား၊ အလင်းရောင်နည်းနည်းတွင်ပင် ပိုမိုကြည်လင်ပြတ်သားသော ပုံရိပ်များကို ဖမ်းယူနိုင်သည့် Ultra Night Mode ပါဝင်သော 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ Dazzle Color Mode၊ လှပသော selfie ပုံများကို ရိုက်ကူးနိုင်မည့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ်၊ တာရှည်ခံစေမည့် 4,020mAh ဘက်ထရီပမာဏ နှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ပါဝင်ပါသည်။

Jewelry White အရောင်သစ်ကို OPPO Myanmar မှ ဇွန်လ (၆) ရက်နေ့တွင် (၄၁၉ ,၉၀၀) ကျပ် (tax ပါဝင်ပြီး) ဖြင့် မြန်မာတစ်နိုင်ငံလုံးအနှံ့ စတင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ အရောင်သစ် OPPO F11 Jewelry White ကို အလုံးရေအကန့်အသတ် ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူအားပေးသော OPPO ချစ်သူများကို မေတ္တာလက်ဆောင်အဖြစ် အသီးဖျော်စက်များ လက်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

#Oppo Myanmar

%d bloggers like this: