Cloud Storage မ်ားစြာက ဖုိင္မ်ားကို တစ္ေနရာထဲကေန စီမံခန္႔ခြဲႏုိင္မယ့္ Unclouded

စမတ္ဖုန္းမ်ားမွ ဓါတ္ပံု၊ ဗီဒီယိုနဲ႔ အေရးႀကီးဖုိင္မ်ား ပ်က္ဆီး၊ ေပ်ာက္ဆံုးသြားရင္ ဒုကၡ မေရာက္ေစဖို႔ Backup လုပ္ထားသင့္ပါတယ္။ Backup လုပ္တဲ့ ေနရာမွာလည္း ပီစီမ်ားမွာသာမကဘဲ Cloud Storage ၀န္ေဆာင္မႈမ်ားမွာ သိမ္းဆည္းႏုိင္ပါတယ္။ Cloud Storage ၀န္ေဆာင္မႈမ်ားဟာ မ်ားျပားလာတဲ့ အတြက္ ေရြးခ်ယ္စရာေတြမ်ားစြာ ရွိလာပါတယ္။ Cloud Storage မွာ ဖိုင္မ်ား သိမ္းဆည္းထားသူမ်ားအေနနဲ႔လည္း ၀န္ေဆာင္မႈတစ္ခုတည္းမွာသာမကဘဲ ၀န္ေဆာင္မႈမ်ားစြာကို အသံုးျပဳၾကမယ္လို႔ ယံုၾကည္ပါတယ္။ ဒီလို Cloud Storage ၀န္ေဆာင္မႈမ်ားစြာကို အသံုးျပဳသူမ်ားအတြက္ ေနရာမ်ားစြာမွ ဖိုင္မ်ားကို စီမံခန္႔ခြဲဖို႔ ခက္ခဲလာပါတယ္။ ဒီအခက္အခဲကို ေျဖရွင္းေပးႏုိင္တာက Unclouded – Cloud Manager ျဖစ္ပါတယ္။ Unclouded က Dropbox , Google Drive , OneDrive , BOX , MEGA စတဲ့ နာမည္ႀကီး ၀န္ေဆာင္မႈ ငါးခုမွ ဖိုင္မ်ားကို တစ္ေနရာတည္းကေန စီမံခန္႔ခြဲေပးႏုိင္ပါတယ္။ ၀န္ေဆာင္မႈတစ္ခုခ်င္းစီမွာ ရရွိတဲ့ ပမာဏနဲ႔ အသံုးျပဳထားတဲ့ ပမာဏ၊ က်န္ရွိေနေသးတဲ့ ပမာဏတို႔ကို ခြဲျခားျပသေပးႏုိင္ပါတယ္။ ဖိုင္အမ်ိဳးအစားအလိုက္ ဖိုင္မ်ားကို ခြဲျခားျပသေပးထားတဲ့အတြက္ ရွာေဖြရတာလြယ္ကူပါတယ္။ ဒါ့အျပင္ တူေနတဲ့ ဖိုင္မ်ားကို ရွာေဖြေပးႏိုင္တဲ့အတြက္ Storage ကို သက္သာေစမွာပါ။

App ကို ပထမဆံုးအႀကိမ္ဖြင့္ရင္ စြမ္းေဆာင္ခ်က္မ်ားကို ျပသေပးမွာျဖစ္ပါတယ္။ ညာဘက္မွ ဘယ္ဘက္သို႔ ပြတ္ဆြဲၿပီး ၾကည့္ရႈႏုိင္ပါတယ္။ ေနာက္ဆံုး စကရင္မွာေတာ့ Get Started ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာေတာ့ Cloud Storage ၀န္ေဆာင္မႈငါးခုကို ျပသေပးမွာ ျဖစ္ၿပီး ႏွစ္သက္ရာမ်ားကို Unclouded နဲ႔ အရင္ဆံုး ခ်ိတ္ဆက္ေပးရမွာျဖစ္ပါတယ္။ ( Cloud ၀န္ေဆာင္မႈမ်ားရဲ႕ ေအာက္မွာေတာ့ သင့္ဖုန္းရဲ႕ Storage ကို စီမံခန္႔ခြဲႏုိင္တဲ့ ေရြးခ်ယ္မႈလည္း ပါရွိပါတယ္။ ) ဥပမာအားျဖင့္ Google Drive ကို ႏွိပ္ရင္ သင့္ဖုန္းမွ Google Account မ်ားကို ျပသေပးမွာ ျဖစ္ၿပီး ႏွစ္သက္ရာအေကာင့္နဲ႔ ခ်ိတ္ဆက္ႏိုင္ပါတယ္။

ခ်ိတ္ဆက္ၿပီးရင္ေတာ့ သင့္ရဲ႕ Google Drive မွ ဖိုင္မ်ားကို စီမံခန္႔ခြဲႏုိင္ပါၿပီ။ Menu မွာ က႑မ်ားစြာပါရွိတာကိုေတြ႔ရမွာ ျဖစ္ပါတယ္။

Overview ကို နွိပ္ရင္ ဖိုင္၊ ဖိုဒါအေရအတြက္နဲ႔ စုစုေပါင္းအေရအတြက္တို႔ကို ျပသေပးထားပါတယ္။ ေအာက္မွာေတာ့ အသံုးျပဳထားတဲ့ ပမာဏနဲ႔ က်န္ရွိတဲ့ ပမာဏကို ရာခုိင္ႏႈန္းနဲ႔တကြေဖာ္ျပထားပါတယ္။ စက္၀ိုင္းခလုတ္ကို ႏွိပ္ရင္ က်န္ရွိတဲ့ ပမာဏကို ေျပာင္းလဲျပသေပးမွာပါ။

Menu ကေန Explorer ထဲသြားရင္ သင့္ဖိုင္မ်ားကို စီမံခန္႔ခြဲႏိုင္မွာပါ။ ဖိုင္တစ္ခုကို ဖိ၍ ေရြးခ်ယ္ၿပီးရင္ ညာဘက္အေပၚေထာင့္မွ ခလုတ္ကို ႏွိပ္ျခင္းျဖင့္ ဖုိင္ကို ဖုန္းသို႔ ေဒါင္းလုပ္လုပ္ႏုိင္သလို အျခား ၀န္ေဆာင္မႈမ်ားနဲ႔ Apps မ်ားထံေပးပို႔ႏုိင္ပါတယ္။ ေနရာေျပာင္းေရႊ႕ျခင္းနဲ႔ အမည္ေျပာင္းျခင္းတို႔ကိုလည္း ျပဳလုပ္ႏုိင္ပါတယ္။

Menu ကေန Categories ထဲ၀င္ၾကည့္ရင္ Images, Video, Documents စသျဖင့္ က႑မ်ားနဲ႔ ဖိုင္မ်ားကို ခြဲျခားေပးထားတဲ့အတြက္ ဖိုင္မ်ားကို ရွာေဖြရာမွာ လြယ္ကူပါတယ္။

Menu ကေန Last Modified ထဲသြားရင္ ဖုိင္မ်ားကို ေနာက္ဆံုး ျပဳျပင္ထားတဲ့ အခ်ိန္ကို ျပသေပးမွာ ျဖစ္ပါတယ္။ Duplicates ထဲသြားရင္ေတာ့ တူညီေနတဲ့ ဖိုင္မ်ားကို ရွာေဖြေပးမွာ ျဖစ္ၿပီး ပြားေနတဲ့ ဖိုင္မ်ားကို ဖ်က္ျခင္းျဖင့္ Storage ေနရာလြတ္မ်ား ရရွိေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။ Menu ကေန All Files ထဲသြားရင္ေတာ့ ဖိုဒါမ်ားကို မျပသေတာ့ဘဲ ဖိုင္မ်ားကိုသာ ျပသေပးမွာ ျဖစ္ပါတယ္။ Trash ထဲမွာေတာ့ ဖ်က္ထားတဲ့ ဖိုင္မ်ားကို ျပသေပးမွာ ျဖစ္ၿပီး မလိုအပ္ေတာ့ရင္ အၿပီးတိုင္ ဖ်က္ပစ္ႏုိင္ပါတယ္။

Menu ကေန Settings ထဲသြားရင္ အလင္္းေရာင္နည္းတဲ့ ေနရာမ်ားမွာ ၾကည့္ရႈလို႔ အဆင္ေျပေစဖို႔နဲ႔ AMOLED Display မ်ားမွာ ဘက္ထရီသက္သာေစမယ့္ Dark Theme ကို အသံုးျပဳႏုိင္မွာ ျဖစ္ေပမယ့္ အခမဲ့ အသံုးျပဳသူမ်ားအတြက္ မဟုတ္ဘဲ အခေပး အသံုးျပဳသူမ်ားအတြက္သာ ျဖစ္ပါတယ္။ အဲဒီလိုပဲ Unclouded ကို PIN , Password , Pattern မ်ားျဖင့္ ကာကြယ္ထားႏို္င္တဲ့ Screen Lock စြမ္းေဆာင္ခ်က္ကိုလည္း အခေပး အသံုးျပဳသူမ်ားကသာ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Unclouded မွာ ေနာက္ထပ္ Cloud Storage ၀န္ေဆာင္မႈတစ္ခု ထပ္ထည့္ဖို႔အတြက္ Menu မွ မွ်ားကို ႏွိပ္ရမွာ ျဖစ္ပါတယ္။ အခမဲ့ အသံုးျပဳသူမ်ားက အမ်ားဆံုး ၀န္ေဆာင္မႈႏွစ္ခုသာ ထည့္သြင္းႏုိင္ၿပီး အခေပး အသံုးျပဳသူမ်ားက အကန္႔အသတ္မရွိပါဘူး။

Unclouded ဟာ Cloud Storage ၀န္ေဆာင္မႈမ်ားကို အသံုးျပဳေနသူမ်ားအတြက္ တစ္ေနရာတည္းကေန ၀န္ေဆာင္မႈမ်ားစြာမွ ဖိုင္မ်ားကို စီမံခန္႔ခြဲႏုိင္တဲ့အတြက္ အလြန္အသံုး၀င္ပါတယ္။ သူ႔ရဲ႕ ဖိုင္အရြယ္အစားဟာ 10 MB ရွိၿပီး Android 4.1 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

[Unicode]

Cloud Storage များစွာက ဖိုင်များကို တစ်နေရာထဲကနေ စီမံခန့်ခွဲနိုင်မယ့် Unclouded

စမတ်ဖုန်းများမှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အရေးကြီးဖိုင်များ ပျက်ဆီး၊ ပျောက်ဆုံးသွားရင် ဒုက္ခ မရောက်စေဖို့ Backup လုပ်ထားသင့်ပါတယ်။ Backup လုပ်တဲ့ နေရာမှာလည်း ပီစီများမှာသာမကဘဲ Cloud Storage ဝန်ဆောင်မှုများမှာ သိမ်းဆည်းနိုင်ပါတယ်။ Cloud Storage ဝန်ဆောင်မှုများဟာ များပြားလာတဲ့ အတွက် ရွေးချယ်စရာတွေများစွာ ရှိလာပါတယ်။ Cloud Storage မှာ ဖိုင်များ သိမ်းဆည်းထားသူများအနေနဲ့လည်း ဝန်ဆောင်မှုတစ်ခုတည်းမှာသာမကဘဲ ဝန်ဆောင်မှုများစွာကို အသုံးပြုကြမယ်လို့ ယုံကြည်ပါတယ်။ ဒီလို Cloud Storage ဝန်ဆောင်မှုများစွာကို အသုံးပြုသူများအတွက် နေရာများစွာမှ ဖိုင်များကို စီမံခန့်ခွဲဖို့ ခက်ခဲလာပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းပေးနိုင်တာက Unclouded – Cloud Manager ဖြစ်ပါတယ်။ Unclouded က Dropbox , Google Drive , OneDrive , BOX , MEGA စတဲ့ နာမည်ကြီး ဝန်ဆောင်မှု ငါးခုမှ ဖိုင်များကို တစ်နေရာတည်းကနေ စီမံခန့်ခွဲပေးနိုင်ပါတယ်။ ဝန်ဆောင်မှုတစ်ခုချင်းစီမှာ ရရှိတဲ့ ပမာဏနဲ့ အသုံးပြုထားတဲ့ ပမာဏ၊ ကျန်ရှိနေသေးတဲ့ ပမာဏတို့ကို ခွဲခြားပြသပေးနိုင်ပါတယ်။ ဖိုင်အမျိုးအစားအလိုက် ဖိုင်များကို ခွဲခြားပြသပေးထားတဲ့အတွက် ရှာဖွေရတာလွယ်ကူပါတယ်။ ဒါ့အပြင် တူနေတဲ့ ဖိုင်များကို ရှာဖွေပေးနိုင်တဲ့အတွက် Storage ကို သက်သာစေမှာပါ။

App ကို ပထမဆုံးအကြိမ်ဖွင့်ရင် စွမ်းဆောင်ချက်များကို ပြသပေးမှာဖြစ်ပါတယ်။ ညာဘက်မှ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ရှုနိုင်ပါတယ်။ နောက်ဆုံး စကရင်မှာတော့ Get Started ကို နှိပ်ပါ။ နောက်အဆင့်မှာတော့ Cloud Storage ဝန်ဆောင်မှုငါးခုကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာများကို Unclouded နဲ့ အရင်ဆုံး ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။ ( Cloud ဝန်ဆောင်မှုများရဲ့ အောက်မှာတော့ သင့်ဖုန်းရဲ့ Storage ကို စီမံခန့်ခွဲနိုင်တဲ့ ရွေးချယ်မှုလည်း ပါရှိပါတယ်။ ) ဥပမာအားဖြင့် Google Drive ကို နှိပ်ရင် သင့်ဖုန်းမှ Google Account များကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာအကောင့်နဲ့ ချိတ်ဆက်နိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ သင့်ရဲ့ Google Drive မှ ဖိုင်များကို စီမံခန့်ခွဲနိုင်ပါပြီ။ Menu မှာ ကဏ္ဍများစွာပါရှိတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

Overview ကို နှိပ်ရင် ဖိုင်၊ ဖိုဒါအရေအတွက်နဲ့ စုစုပေါင်းအရေအတွက်တို့ကို ပြသပေးထားပါတယ်။ အောက်မှာတော့ အသုံးပြုထားတဲ့ ပမာဏနဲ့ ကျန်ရှိတဲ့ ပမာဏကို ရာခိုင်နှုန်းနဲ့တကွဖော်ပြထားပါတယ်။ စက်ဝိုင်းခလုတ်ကို နှိပ်ရင် ကျန်ရှိတဲ့ ပမာဏကို ပြောင်းလဲပြသပေးမှာပါ။

Menu ကနေ Explorer ထဲသွားရင် သင့်ဖိုင်များကို စီမံခန့်ခွဲနိုင်မှာပါ။ ဖိုင်တစ်ခုကို ဖိ၍ ရွေးချယ်ပြီးရင် ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ခြင်းဖြင့် ဖိုင်ကို ဖုန်းသို့ ဒေါင်းလုပ်လုပ်နိုင်သလို အခြား ဝန်ဆောင်မှုများနဲ့ Apps များထံပေးပို့နိုင်ပါတယ်။ နေရာပြောင်းရွှေ့ခြင်းနဲ့ အမည်ပြောင်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

Menu ကနေ Categories ထဲဝင်ကြည့်ရင် Images, Video, Documents စသဖြင့် ကဏ္ဍများနဲ့ ဖိုင်များကို ခွဲခြားပေးထားတဲ့အတွက် ဖိုင်များကို ရှာဖွေရာမှာ လွယ်ကူပါတယ်။

Menu ကနေ Last Modified ထဲသွားရင် ဖိုင်များကို နောက်ဆုံး ပြုပြင်ထားတဲ့ အချိန်ကို ပြသပေးမှာ ဖြစ်ပါတယ်။ Duplicates ထဲသွားရင်တော့ တူညီနေတဲ့ ဖိုင်များကို ရှာဖွေပေးမှာ ဖြစ်ပြီး ပွားနေတဲ့ ဖိုင်များကို ဖျက်ခြင်းဖြင့် Storage နေရာလွတ်များ ရရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Menu ကနေ All Files ထဲသွားရင်တော့ ဖိုဒါများကို မပြသတော့ဘဲ ဖိုင်များကိုသာ ပြသပေးမှာ ဖြစ်ပါတယ်။ Trash ထဲမှာတော့ ဖျက်ထားတဲ့ ဖိုင်များကို ပြသပေးမှာ ဖြစ်ပြီး မလိုအပ်တော့ရင် အပြီးတိုင် ဖျက်ပစ်နိုင်ပါတယ်။

Menu ကနေ Settings ထဲသွားရင် အလင်းရောင်နည်းတဲ့ နေရာများမှာ ကြည့်ရှုလို့ အဆင်ပြေစေဖို့နဲ့ AMOLED Display များမှာ ဘက်ထရီသက်သာစေမယ့် Dark Theme ကို အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် အခမဲ့ အသုံးပြုသူများအတွက် မဟုတ်ဘဲ အခပေး အသုံးပြုသူများအတွက်သာ ဖြစ်ပါတယ်။ အဲဒီလိုပဲ Unclouded ကို PIN , Password , Pattern များဖြင့် ကာကွယ်ထားနိုင်တဲ့ Screen Lock စွမ်းဆောင်ချက်ကိုလည်း အခပေး အသုံးပြုသူများကသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Unclouded မှာ နောက်ထပ် Cloud Storage ဝန်ဆောင်မှုတစ်ခု ထပ်ထည့်ဖို့အတွက် Menu မှ မျှားကို နှိပ်ရမှာ ဖြစ်ပါတယ်။ အခမဲ့ အသုံးပြုသူများက အများဆုံး ဝန်ဆောင်မှုနှစ်ခုသာ ထည့်သွင်းနိုင်ပြီး အခပေး အသုံးပြုသူများက အကန့်အသတ်မရှိပါဘူး။

Unclouded ဟာ Cloud Storage ဝန်ဆောင်မှုများကို အသုံးပြုနေသူများအတွက် တစ်နေရာတည်းကနေ ဝန်ဆောင်မှုများစွာမှ ဖိုင်များကို စီမံခန့်ခွဲနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ သူ့ရဲ့ ဖိုင်အရွယ်အစားဟာ 10 MB ရှိပြီး Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

%d bloggers like this: