YouTube မှာ လူများကို နောက်ပြောင်တဲ့ ဟာသ ဗီဒီယိုများကို တင်နေသူများစွာ ရှိပါတယ်။ ဒါပေမယ့်လည်း နောက်ပြောင်တာဟာ လူတစ်ဖက်သားကို များစွာ ထိခိုက်နစ်နာသွားစေရင်တော့ ဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ အခုလည်း YouTuber တစ်ဦးဟာ သွားတိုက်ဆေးများ ထည့်ထားတဲ့ ဘီစကစ်ကို နေအိမ်မဲ့ လူတစ်ဦးအား လိမ်ညာပြီး အပြောင်သဘောမျိုး ကျွေးခဲ့တဲ့ အတွက် ထောင်ဒဏ် ၁၅ နှစ်ကျခံရတော့မှာပါ။
သူကတော့ စပိန်မှ ဘလော့ဂါ Kanghua Ren ဖြစ်ပြီး အဲဒီနောက်ပြောင်တဲ့ ဗီဒီယိုကို ၂၀၁၇ ခုနှစ်မှာ ရိုက်ကူး မျှဝေခဲ့တာလို့ ဘာစီလိုနာ တရားရုံးကပြောကြောင်း The New York Times က ရေးသားထားပါတယ်။ တရားရုံးက သူ့ရဲ့ YouTube Channel ဖြစ်တဲ့ ReSet ကိုလည်း ပိတ်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၂၄ ခုနှစ် မတိုင်ခင်အထိ ဘယ်ဗီဒီယိုကိုမှ အွန်လိုင်းပေါ် တင်လို့ မရတော့ပါဘူး။
Ren ကို အိမ်ယာမဲ့ အမျိုးသားအား ယူရို ၂၀ ၀၀၀ ပေးဖို့ အမိန့်ချမှတ်ထားပါတယ်။ အိမ်ယာမဲ့ အမျိုးသားရဲ့ အမည်ဟာ Gheorge ဖြစ်တယ်လို့ စပိန် မီဒီယာက ဖော်ပြထားပါတယ်။ သူဟာ သွားတိုက်ဆေး ဘီစကစ်ကို စားပြီးတော့ ပျို့အန်သွားခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို ကြည့်ရတဲ့ လူများကလည်း Ren ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
Ren ဟာ သူ့ရဲ့ နောက်ပြောင်တဲ့ ဗီဒီယိုများမှ ကြော်ညာများကနေ ယူရို ၂၀၀၀ လောက် ဝင်ငွေရခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ YouTube Channel ဟာ Follower ပေါင်း ၁.၂ သန်း ရှိနေပါတယ်။
Ref : bbc
နေအိမ်မဲ့ အမျိုးသားကို နောက်ပြောင်ခဲ့တဲ့ YouTuber ထောင်ကျသွား
You must log in to post a comment.