စွမ်းရည်အမြင့်ဆုံး Apple Mac Pro ဟာ အနည်းဆုံး သိန်း ၅၀၀ ရှိနိုင်

Apple က အခြေခံဈေးနှုန်း ဒေါ်လာ ၆၀၀၀ ရှိတဲ့ Mac Pro ကို မနေ့က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် စွမ်းရည် အမြင့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီက မပြောသွားပါဘူး။ The Verge က စွမ်းရည်အမြင့်ဆုံး မော်ဒယ်ရဲ့ ဈေးနှုန်းကို တွက်ချက်ပြလိုက်ပါတယ်။ သူ့ရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ ၃၃ ၇၂၀ ရှိနိုင်ပါတယ်။ မြန်မာငွေ သိန်း ၅၀၀ လောက်ရှိမှာပါ။ ဒါတောင် GPU လေးလုံးကို ထည့်မတွက်ထားပါဘူး။ ထည့်တွက်လိုက်ရင် ဒေါ်လာ ၄၅ ၀၀၀ လောက် ဖြစ်သွားမှာပါ။ ဒါဆိုရင် မြန်မာငွေ သိန်း ၆၇၀ လောက်ရှိသွားမှာပါ။

Video Editor နဲ့ အခြား တီထွင်ဖန်တီးရတဲ့ အလုပ်များအတွက်တော့ မြင့်မားတဲ့ စွမ်းရည် လိုအပ်ပါတယ်။ 28 Core Intel Xeon W Processor , 1.5TB RAM , 4TB SSD Storage နဲ့ AMD Radeon Pro Vega II Duo GPUs များ လိုအပ်ပါတယ်။

Pro Display XDR Monitor နဲ့ Pro Stand ကိုပါ ထည့်တွက်ရင် ဒေါ်လာ ၅၀ ၀၀၀ လောက် ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ဈေးကွက်ထဲမှာ ရောင်းချထားတဲ့ ဈေးများနဲ့ တွက်ချက်ထားတာပါ။ Apple ကတော့ ထုံးစံအတိုင်း အဲဒီဈေးထက်ပိုတောင်းမှာပါ။

Ref : theverge

စွမ်းရည်အမြင့်ဆုံး Apple Mac Pro ဟာ အနည်းဆုံး သိန်း ၅၀၀ ရှိနိုင်

%d bloggers like this: