သင့်ပုံတူ Emoji Sticker များကို Facebook မှာ သုံးနိုင်တော့မည်

Facebook Avatars လုပ်ဆောင်ချက်ကို ကုမ္ပဏီက ထည့်သွင်းပေးလိုက်ပါတယ်။ သင့်ပုံတူ Emoji Sticker များ ဖန်တီးနိုင်ပြီး Comments, Messages များနဲ့ အခြားနေရာများမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို လက်ရှိမှာ သြစတြေးလျမှာသာ အသုံးပြုနိုင်ပါသေးတယ်။ ကမ္ဘာအဝန်းမှာ ၂၀၂၀ ခုနှစ် အစောပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ အသုံးပြုနိုင်အောင် ကုမ္ပဏီကရည်မှန်းထားပါတယ်။

Facebook က Avatars များဟာ တကယ့်လူနဲ့ တူအောင် ဖန်တီးထားတာ ဖြစ်ပြီး Skin , Hair Color နဲ့ အဝတ်အစားများစွာကို ရွေးချယ်နိုင်မယ်လို့ ပြောပါတယ်။ Comment Box , Messenger များမှာ သင့်ပုံတူ စတစ်ကာများကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Comment မှာ Emoji Icon ကို နှိပ်ပြီး Avatar Sticker Pack ကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီကနေ User များဟာ သင့်ပုံတူ စတစ်ကာများကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Facebook က User များရဲ့ ပုံတူ စတစ်ကာများကို ဖန်တီးနိုင်မယ့် နည်းလမ်းကို ဖန်တီးနေတာ နှစ်များစွာ ကြာနေပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် အကြာက Facebook က ဓါတ်ပုံတစ်ခုကနေ Avatar များ ဖန်တီးနိုင်တဲ့ ဆော့ဖ်ဝဲကို ပြသခဲ့ပါတယ်။ အဲဒီ ဆောဖ့်ဝဲကိုတော့ User များသုံးလို့ မရသေးပါဘူး။ အဲဒီ ဆော့ဖ်ဝဲက သင့် ပုံတူ စတစ်ကာများကို သင့် ဓါတ်ပုံကနေ အလိုလို ဖန်တီးပေးတာကြောင့် ပိုအဆင့်မြင့်ပါတယ်။ Facebook Avatar ကတော့ သင်ကိုယ်တိုင် သင့်ပုံတူ စတစ်ကာများကို ဖန်တီးရတာ ဖြစ်ပါတယ်။

Ref : digitaltrends

သင့်ပုံတူ Emoji Sticker များကို Facebook မှာ သုံးနိုင်တော့မည်

%d bloggers like this: