Galaxy Jean2 နဲ့ Galaxy Wide4 ကို တောင်ကိုရီးယားနိုင်ငံမှာ Samsung မိတ်ဆက်

Samsung က မိခင် တောင်ကိုရီးယားနိုင်ငံမှာ Galaxy Jean2 နဲ့ Galaxy Wide4 စမတ်ဖုန်းအသစ်တနစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက မိတ်ဆက်ထားတဲ့ Galaxy A20e နဲ့ Galaxy A20 တို့ကို နာမည်ပြောင်းပြီး ကိုရီးယားမှာ ပြန်မိတ်ဆက်ပေးလိုက်တာပါ။

ယခုဖုန်းအသစ်နှစ်မျိုးဟာ လက်ရှိ Samsung ဖုန်းတွေထဲမှာ ဈေးသက်သာတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ Galaxy jean2 မှာ 5.8-inch TFT Display နဲ့ ဖြစ်ပြီး၊ ကိုယ်ထည်သေးငယ်သလို အလေးချိန်လည်း ၁၄၁ ဂရမ်သာ ရှိပါတယ်။ Exynos 7884 Chipset ကို အသုံးပြုထားပြီး၊ 3GB RAM နဲ့ 32GB Storage တို့ ပါဝင်မှာပါ။ ဖုန်းကျောဘက်မှာတော့ 13MP+5MP wide-angel lens ကင်မရာနှစ်လုံး ပါရှိပါတယ်။ ဝမ် ၂ သိန်းဆိုတော့ ၁၇၀ ဒေါ်လာ လောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

နောက်မော်ဒယ်တခုဖြစ်တဲ့ Galaxy Wide4 ကတော့ မျက်နှာပြင်ပိုကြီးပြီး၊ 6.4-inch Super AMOLED Display နဲ့ ဖြစ်ပါတယ်။ အလေးချိန်လည်း ပိုများသွားသလို ဘက်ထရီလည်း ပိုကြီးသွားပါတယ်။ ကျန် Spesc တော်တော်များများကတော့ Galaxy A20/Galaxy Jean2 အတိုင်း ဖြစ်ပါတယ်။ ဒီဖုန်းကို နိုင်ငံတကာ ဈေးကွက်မှာ ဒေါ်လာ ၁၈၀ နဲ့ ရောင်းချထားပြီး၊ တောင်ကိုရီးယားမှာတော့ ဝမ် ၂ သိန်း ၂ သောင်းလောက်နဲ့ ရောင်းချသွားမှာပါ။

Ref: GSM Arena

Galaxy Jean2 နဲ့ Galaxy Wide4 ကို တောင်ကိုရီးယားနိုင်ငံမှာ Samsung မိတ်ဆက်

%d bloggers like this: