Apple Watch အတွက် App Store ပါလာပြီ

WWDC မှာ Apple က သူ့ရဲ့ စမတ်နာရီများအတွက် App Store ကို ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ WatchOS 6 မှာပါလာမှာပါ။ အဲဒီအတွက် အိုင်ဖုန်း မလိုဘဲနဲ့ စမတ်နာရီကနေပဲ App များကို Install, Purchase ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒေါင်းလုပ်လုပ်ထားတဲ့ App များကို စီမံခန့်ခွဲရတာလည်း လွယ်ကူ လာမှာ ဖြစ်ပါတယ်။

စမတ်နာရီအတွက် သီးခြား App Store ကို ထုတ်လုပ်ပေးလိုက်ခြင်းက App များကို ရှာဖွေခြင်း၊ ဒေါင်းလုပ်လုပ်ခြင်းများအတွက် ပိုမို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဈေးကြီးကြီး ပေးထားရတဲ့ စမတ်နာရီဟာ ပို အသုံးတည့်လာမှာ ဖြစ်ပါတယ်။

WatchOS 6 ဟာ App Developer များအတွက်လည်း ပို အဆင်ပြေလာပါတယ်။ သူတို့ရဲ့ App များ ရောင်းအား ပိုကောင်းလာနိုင်ပါတယ်။ Apple Watch မှာ App Store ပါလာတဲ့ အတွက် အသုံးပြုသူများက ယခင်ကထက် App များကို စိတ်ကြိုက် အင်စတော ပြုလုပ်လာနိုင်မှာပါ။ အထူးသဖြင့် အခပေး App များလည်း ရောင်းအား ပိုကောင်းလာနိုင်ပါတယ်။

Apple Watch ဟာ အိုင်ဖုန်းကို မှီခိုစရာ မလိုဘဲ သီးခြား ရပ်တည်နိုင်တဲ့ ကိရိယာဖြစ်အောင် Apple က ပြုလုပ်နေပါတယ်။ ဒါ့အပြင် Watch OS 6 မှာ Streaming Audio API ပါလာပြီ ဖြစ်ပြီး စမတ်နာရီကနေ အွန်လိုင်းမှ သီချင်းများ၊ Podcast များ နားဆင်ခြင်း၊ အားကစားပွဲများကြည့်ခြင်းများ ပြုလုပ်ရတာ ပိုကောင်းလာပါတယ်။

Ref : tnw

Apple Watch အတွက် App Store ပါလာပြီ

%d bloggers like this: