Xiaomi ကလည်း OPPO နည်းတူ ‘မျက်နှာပြင်အောက်ရှေ့ကင်မရာ’ ကို ပြသ

OPPO က ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက်ကင်မရာနည်းပညာကို ပြသပြီးနောက် နာရီပိုင်းအကြာမှာပဲ Xiaomi ကလည်း အလားတူ ကိုယ်ပိုင်နည်းပညာတခုကို ပြန်လည် ပြသခဲ့ပါတယ်။ Xiaomi ရဲ့ ဥက္ကဌ Lin Bin ရဲ့ Weibo မှာ တင်ထားသလို၊ Xiaomi တရားဝင် Twitter စာမျက်နှာမှာလည်း တင်ထားပါတယ်။

Xiaomi ပြထားတဲ့ ဗီဒီယိုမှာတော့ Mi 9 စမ်းသပ်အလုံးမှာ မျက်နှာပြင်အောက်ရှေ့ကင်မရာကို ထည့်စမ်းပြထားတာပါ။ OLED ဖုန်းမျက်နှာပြင်မှာ Notch တွေ၊ Punch-hole တွေ ဘာတခုမှ မပါဝင်ဘဲ ရှေ့ကင်မရာကို စခရင်အောက်မှာ မြှုပ်ထားတာ ဖြစ်ပါတယ်။

Xiaomi ရဲ့ နည်းပညာအသစ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ Xiaomi အဆိုအရတော့ ကင်မရာနေရာမှာရှိတဲ့ စခရင်ရဲ့ Cathode နဲ့ Anode panels တွေဟာ အလင်းထိုးဖောက် ဝင်ရောက်နိုင်တဲ့အတွက် ကင်မရာအစိတ်အပိုင်းက အလင်းဖမ်းယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Xiaomi နဲ့ OPPo တို့ စမ်းသပ်ပြထားတဲ့ ဖုန်းတွေမှာ မျက်နှာပြင်အောက်ရှေ့ကင်မရာစနစ်က ကောင်းကောင်း အလုပ်လုပ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီနည်းပညာပါဝင်တဲ့ ဖုန်းတွေကို ဈေးကွက်ထဲ ဘယ်တော့ တွေ့ရမလဲဆိုတာတော့ မသေချာသေးပါဘူး။ Xiaomi ဟာ ၃-၄ လ လောက်တုန်းကလည်း ခေါက်ချိုးဖုန်းရှေ့ပြေးမော်ဒယ်ကို ဗီဒီယိုတွေ တင်ခဲ့ပေမယ့် အခုထိတော့ ဘာသံမှ မကြားရသေးပါဘူး။

Ref: The Verge

Xiaomi ကလည်း OPPO နည်းတူ ‘မျက်နှာပြင်အောက်ရှေ့ကင်မရာ’ ကို ပြသ

%d bloggers like this: