ကမ္ဘာ့ပထမဆုံး LG 8K OLED TV ကို ယခုတပတ် စတင် ရောင်းချမည်

လက်ရှိ ကမ္ဘာ့အဆင့်မြင့်ဆုံး Consumer TV တလုံးလို့ သတ်မှတ်ထားတဲ့ ၈၈ လက်မ LG OLED 8K 88Z9 TV ကို စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ယခုတပတ်က စတင်ပြီး ဒီတီဗီအတွက် အော်ဒါလက်ခံနေပြီဖြစ်ကာ၊ မြောက်အမေရိက၊ ဥရောပစတဲ့ ဈေးကွက်တွေကို ယခုနှစ်၊ တတိယသုံးလပတ်အတွင်း ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

ဒီတီဗီဟာ ကမ္ဘာ့ပထမဆုံး 8K OLED TV လည်း ဖြစ်သလို၊ LG က ထုတ်ဖူးသမျှထဲမှာ အကြီးဆုံး TV လည်း ဖြစ်ပါတယ်။ ၈၈ လက်မ OLED Panel က 8K Ultra HD (7680×4320 pixels) ရှိပြီး၊ သာမန် 4K တီဗီတလုံးထက် Pixels ၄ ဆ ပိုများပါတယ်။

လက်တလော 8K ဗီဒီယိုတွေ မရှိသေးသလို မကြာခင်မှာလည်း မြန်မြန်ဆန်ဆန် ထွက်ပေါ်လာဖို့ မရှိသေးပါဘူး။ ဒါကြောင့် ဒုတိယမျိုးဆက် Alpha 9 8K Processor နဲ့ Deep Learning algorithms တွေကို အသုံးပြုကာ ပုံရိပ်တွေကို ရုပ်ထွက်အရည်အသွေး မြှင့်တင်ပေး (Upscaling) မှာ ဖြစ်ပါတယ်။ Deep learning နည်းပညာနဲ့ပဲ 5.1 ပတ်လည်အသံပြေးစနစ်ကို တုပ ထုတ်ပေးမှာဖြစ်ပါတယ်။

ဒီနည်းပညာတွေ အားလုံးက ပေးရတဲ့ဈေးနဲ့ တန်ရဲ့လားဆိုတာကိုတော့ ဝယ်သူတွေပဲ သိမှာပါ။ တလုံးကို လက်လီဈေးနှုန်း ဒေါ်လာ ၄၂,၀၀၀ နဲ့ ရောင်းမယ်လို့ LG က ပြောထားပါတယ်။ ဒါပေမယ့် ဂျွန်လထဲ Pre-order တင်သူတွေကိုတော့ ဒေါ်လာ ၃၄,၀၀၀ ထဲနဲ့ လျော့ရောင်းပေးသွားမှာပါ။ လေသန့်စင်စက်တခုပါ အလကားရဦးမှာ ဖြစ်ပါတယ်။

Ref: The Verge

ကမ္ဘာ့ပထမဆုံး LG 8K OLED TV ကို ယခုတပတ် စတင် ရောင်းချမည်

%d bloggers like this: