Meizu ဖုန်း ၁၄ လုံးမှာ Flyme OS 7.3 ရရှိ

တရုတ်ဖုန်းကုမ္ပဏီ Meizu ဟာ 16Xs ဖုန်းကို မိတ်ဆက်ပြီးနောက်မှာ Flyme OS အသစ်ကို လက်ရှိ ထုတ်ပြီးသား ဖုန်း ၁၄ လုံးအတွက် ထုတ်ပေးလိုက်ပါတယ်။

Flyme OS 7.3 မှာ System တခုလုံးကို ပိုမိုကောင်းမွန်အောင် Optimize လုပ်ပေးထားပြီး၊ အမြင်ပိုင်းနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေတွေ ပါဝင်လာပါတယ်။ Night Mode ကင်မရာလုပ်ဆောင်ချက်လို အမိုက်စားလုပ်ဆောင်ချက်အချို့လည်း ပါလာမှာပါ။ Flyme 7 OS ရဲ့ နောက်ဆုံး Update ဖြစ်ပြီး၊ ပြီးရင် Flyme 8 ထုတ်တော့မှာပါ။

One Mind 3.0 ကတော့ ယခု Update ရဲ့ အဓိက Feature ဖြစ်ပါတယ်။ OS စနစ်တခုလုံး Background management ပိုကောင်းလာမှာဖြစ်ပြီး၊ အသုံးပြုပုံလိုက် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။ ယခု အသစ်ပြန်လုပ်ထားတဲ့ AI လုပ်ဆောင်ချက်တွေကြောင့် App ဖွင့်တာတွေလည်း ပိုမိုမြန်ဆန်လာမှာဖြစ်ကာ တနေ့တာအသုံးပြုမှုမှာ သိသာတဲ့ တိုးတက်မှုကို တွေ့မြင်ရမှာ ဖြစ်တယ်လို့ Meizu က ဆိုထားပါတယ်။

Meizu ဖုန်းပိုင်ရှင်တွေ နောက်ထပ်သဘောကျမယ့်အချက်တခုကတော့ Meizu 16s မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ Super night scene mode ပါလာတာပါ။ Low light ဓာတ်ပုံတွေ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

Always-on Display မှာ အရောင်နဲ့ ပုံရိပ်တွေ ပြနိုင်စွမ်းလည်း ပါဝင်လာတဲ့ ယခု Update ကို Meizu ဖုန်း ၁၄ လုံးမှာ အရင် ရရှိမှာဖြစ်ပါတယ်။ နောက်ထပ်ဖုန်းတွေအတွက်လည်း နောက်ပိုင်းထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: GSM Arena

Meizu ဖုန်း ၁၄ လုံးမှာ Flyme OS 7.3 ရရှိ

%d bloggers like this: