Subscribers သန်း ၁၀၀ ပြည့် ပထမဆုံး YouTube ချန်နယ်ဖြစ်သွားတဲ့ T-Series

ဘောလီးဝုဒ်ချန်နယ်တခုဖြစ်တဲ့ T-Series ဟာ Subscribers အရေအတွက် သန်း ၁၀၀ ပြည့်သွားတဲ့ ပထမဆုံး YouTube ချန်နယ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

YouTube က သန်း ၁၀၀ ပြည့်သွားတဲ့ T-Series ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း Tweet တခု တင်ခဲ့ပြီး၊ စင်မှာ ဆုတံဆိပ်အတွက် နေရာချန်ထားဖို့ ပြောကြားခဲ့ပါတယ်။ YouTube ဟာ Subscribers ၁ သန်း ဒါမှမဟုတ် ၁၀ သန်း ပြည့်မြောက်တဲ့ ချန်နယ်တွေကို ရွှေရောင် Play Button ဆုတံဆိပ်တွေ ပေးပို့ ချီးမြှင့်လေ့ ရှိပါတယ်။

T-Series ကလည်း အားပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။ Subscribers သန်း ၁၀၀ ပြည့်သွားတာက ချန်နယ်တခုအတွက် ဘာမှ တိုက်ရိုက် အကျိုးအမြတ်မရှိပေမယ့်၊ ဂုဏ်ယူစရာတခု ဖြစ်ပါတယ်။ တချို့ ချန်နယ်တွေအနေနဲ့ ၁ သန်း ပြည့်ဖို့တောင် တော်တော်ခဲယဉ်းပါတယ်။

https://twitter.com/TSeries/status/1133672603460128768?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1133672603460128768&ref_url=https%3A%2F%2Fwww.theverge.com%2F2019%2F5%2F30%2F18645542%2Ftseries-100-million-subscribers-pewdiepie-youtube

T-Series နဲ့ နာမည်ကြီး YouTuber တယောက်ဖြစ်တဲ့ Felix “PewDiePie” တို့ဟာ YouTube မှာ အကြီးဆုံး Channel ဖြစ်အောင် လအတော်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက်မှာ T-Series က မှတ်တမ်းတင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်နယ်နှစ်ခုလုံးဟာ ယှဉ်ပြိုင်နေစဉ်အတွင်း Subscribers ၁၀ သန်းကျော်လောက်စီ တိုးပွား ရရှိခဲ့ပါတယ်။ ဒီယှဉ်ပြိုင်မှုကြောင့်ပဲ T-Series ကို တကမ္ဘာလုံးက သတိထားမိခဲ့တာလို့ ဆိုနိုင်ပါတယ်။

PewDiePie နဲ့ T-Series တို့ရဲ့ ထိပ်ဆုံးနေရာ ယှဉ်ပြိုင်မှုဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလောက်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး၊ ခြောက်လကျော် ကြာမြင့်ခဲ့ပါတယ်။

YouTube က T-Series ကို ဂုဏ်ပြုခဲ့တဲ့ Tweet နဲ့ ပတ်သတ်ပြီး PewDiePie ပရိတ်သတ်အချို့ကတော့ Pewds သာ Subscribers သန်း ၁၀၀ အရင် ပြည့်ခဲ့မယ်ဆိုရင် YouTube က ဒီလို Congratulate လုပ်မှာ မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။ PewDiePie ဘက်ကတော့ ဒါနဲ့ပတ်သတ်ပြီး ဘာမှ ပြန်မပြောထားသေးပါဘူး။

Ref: The Verge

Subscribers သန်း ၁၀၀ ပြည့် ပထမဆုံး YouTube ချန်နယ်ဖြစ်သွားတဲ့ T-Series

%d bloggers like this: