UD လက်ဗွေရာဆန်ဆာ၊ Snapdragon 675 နဲ့ Meizu 16Xs ကို ကြေညာ

Meizu ရဲ့ ဖုန်းမော်ဒယ်အသစ် Meizu 16Xs တရားဝင် ထွက်ရှိလာပါပြီ။ ယနေ့ပဲ မိတ်ဆက်ခဲ့တဲ့ Motorola Moto Z4 နဲ့ Specs တော်တော်များများ တူညီတာ တွေ့ရပါတယ်။

Meizu 16Xs မှာ 6.2-inch Super AMOLED Display ကို အသုံးပြုထားပြီး၊ 1080 x 2232 pixels (FHD+) resolutionနဲ့ ဖြစ်ပါတယ်။ Motorola Moto Z4 အတိုင်း Snapdragon 675, မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာတို့ ကို အသုံးပြုထားပြီး၊ 6GB RAM နဲ့ Storage ကို 64GB ဒါမှမဟုတ် 128GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။

Moto Z4 မှာ ကျောကင်မရာတလုံးတည်း သုံးထားပေမယ့် Meizu 16Xs မှာတော့ 48MP+8MP+5MP ကျောကင်မရာသုံလုံးကို အသုံးပြုထားပါတယ်။ 48MP အဓိကကင်မရာက f/1.7 aperture lens နဲ့ ဖြစ်ပြီး၊ နောက်တလုံးက f/2.2 lens နဲ့ 8MP wide-angle ကင်မရာ ဖြစ်ပါတယ်။ တတိယအလုံးကတော့ Depth sensor ပါ။ Notch မပါဝင်ဘဲ ရှေ့ကင်မရာက ဖုန်းအပေါ်ဘက်က ဘောင်သေးလေးမှာပဲ ထည့်ပေးထားပါတယ်။ 16MP, f/2.2 ကင်မရာတလုံးတည်းပါ။

Meizu 16Xs မှာ 4,000mAh ဘက်ထရီ ပါဝင်ပြီး၊ mCharge 18W အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာပါ။ Android 9.0 Pie-based Flyme OS 7 နဲ့ စတင် ထွက်ရှိလာမှာပါ။ စိတ်မကောင်းစွာပဲ 3.5mm ဂျက်ပင်ပေါက်တော့ မပါဝင်ပါဘူး။

Meizu 16Xs ကို Midnight Black, Atlantis Blue, Coral Orange နဲ့ Silk White လေးရောင် ထုတ်သွားမှာ ဖြစ်ပါတယ်။ 6GB/64GB မော်ဒယ်ကို ၁,၆၉၈ ယွမ် (၂၄၅ ဒေါ်လာ) နဲ့ 128GB မော်ဒယ်ကို ၁,၉၉၈ ယွမ် (၂၈၉) ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဂျွန်လ ၁၀ ရက်နေ့မှာ စတင် ဝယ်ယူရရှိနိုင်မှာပါ။

Meizu 16Xs နဲ့အတူ Type-C နားကြပ်အသစ်ဖြစ်တဲ့ Meizu EP2C ကိုလည်း တပါတည်း မိတ်ဆက်ခဲ့ပါတယ်။ နားကြပ်ဈေးကတော့ ၁၉ ဒေါ်လာပါ။ 3.5mm နားကြပ်ပေါက် မပါဝင်တဲ့အတွက် ဒီနားကြပ်က အသုံးတည့်မှာပါ။

Ref: GSM Arena

UD လက်ဗွေရာဆန်ဆာ၊ Snapdragon 675 နဲ့ Meizu 16Xs ကို ကြေညာ

%d bloggers like this: