Snapdragon 675 နဲ့ 48MP ကင်မရာ ပါဝင်တဲ့ Motorola Moto Z4 ကို မိတ်ဆက်

Motorola က 2019 Z စီးရီးရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Moto Z4 ကို ယနေ့ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Mid-range ဖုန်းတလုံးဖြစ်ပြီး၊ အရင် Moto Z ဖုန်းတွေအတိုင်း Moto Mods တွေ ဆက်လက် တပ်သုံးနိုင်မှာ ဖြစ်ပါတယ်။

Moto Z4 ဟာ 19:9 Aspect Ratio ရှိတဲ့ 6.4-inch FHD+ OLED Display ကို အသုံးပြုထားပြီး၊ ရေစက်ပုံစံ Notch နဲ့ ဖြစ်ပါတယ်။ Notch အတွင်းမှာတော့ f/2.0 အပါချာရှိတဲ့ 25MP ကင်မရာကို ထည့်သွင်းထားပါတယ်။ AMOLED Display ဖြစ်တာကြောင့် မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာကိုလည်း တပါတည်း ထည့်သွင်းပေးထားပြီး၊ မျက်နှာပြင်ကို အကြမ်းခံအောင် Gorilla Glass 3 နဲ့ အုပ်ပေးထားပါတယ်။ Glass ဗားရှင်းအဟောင်းဆိုပေမယ့် မပါတာထက် ပါတာကတော့ ပိုကောင်းမှာပါ။

၂၀၁၉ Mid-rang ဖုန်းမော်ဒယ်အများစုမှာ ကျောကင်မရာ အနည်းဆုံး ၃ လုံးလောက် ပါလာကြပေမယ့်၊ Moto Z4 မှာတော့ OIS ပါဝင်တဲ့ 48MP, f/1.7 ကျောကင်မရာတလုံးတည်း အသုံးပြုထားပါတယ်။ ကင်မရာ AI လုပ်ဆောင်ချက်အများအပြား ပါဝင်ပြီး၊ One Vision ဖုန်းက Night Mode ကိုလည်း ဒီဖုန်းအတွက် ယူဆောင်ပေးလာတာ တွေ့ရပါတယ်။

Moto Z4 မှာ Snapdragon 675 ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာပါ။ 3,600mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ 15W TurbroPower အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။ အရင် Motorola ဖုန်းတွေလိုပဲ Stock Android နီးပါး ရိုးရှင်းတဲ့ Android 9 Pie build နဲ့ ဖြစ်ပါတယ်။ Lock sceen ကနေ Flahlight တန်းဖွင့်တာမျိုး ဒါမှမဟုတ် ကင်မရာ App တန်းဖွင့်တာမျိုး လုပ်ဆောင်နိုင်တဲ့ Moto Actions လို အသေးစား Improvements လေးတွေတော့ ပါဝင်ပါတယ်။

Moto Mods လို့ ခေါ်တဲ့ စမတ်ဖုန်းကို ပိုမိုအဆင့်မြှင့်ပေးမယ့် Add-ons တွေကို Moto Z4 ဖုန်းအသစ်မှာ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်

။ ဒေါ်လာ ၂၀၀ နဲ့ 5G Moto Mod ဝယ်တပ်မယ်ဆိုရင် 5G ကွန်ရက် ထွက်လာရင် 5G သုံးနိုင်မှာပါ။Moto Z4 ကို Flash Grey နဲ့ Frost White အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ၄၉၉ ဒေါ်လာနဲ့ ဂျွန်လ ၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ Best Buy, B&H နဲ့ Amazon ကနေ ဝယ်တဲ့လူတွေကို ၃၆၀ ဒီဂရီ ကင်မရာ Moto Mod ကို မေတ္တာလက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

Ref: GSM Arena

Snapdragon 675 နဲ့ 48MP ကင်မရာ ပါဝင်တဲ့ Motorola Moto Z4 ကို မိတ်ဆက်

%d bloggers like this: