AI က နှလုံးရောဂါကို ဆရာဝန်များထက် တိကျစွာ တွက်ချက်ပေးနိုင်

ဉာဏ်ရည်တု နည်းပညာက နှလုံးရောဂါကြောင့် လူ သေဆုံးမှုကိုကြိုတင်တွက်ချက်ရာမှာ ဆရာဝန်ထက် ပိုမို တိကျတယ်ဆိုတာစမ်းသပ်တွေ့ရှိခဲ့ပါတယ်။ PLOS One Journal မှာ ရေးသားထားတဲ့ စစ်တမ်းတစ်ခုအရ Francis Crick Institute မှ သုတေသန ပညာရှင်များဟာ ဉာဏ်ရည်တု နည်းပညာကို အသုံးပြု၍ ရောဂါများကို အဖြေရှာဖို့အတွက် နည်းလမ်းအသစ်တစ်ခုကို ဖန်တီးလိုက်ကြပါတယ်။

အဲဒါကတော့ နှလုံးရောဂါ ဖြစ်နေတဲ့ လူများရဲ့ သေဆုံးနှုန်းကို AI က တွက်ချက်တာ ဖြစ်ပါတယ်။ ပညာရှင်တစ်ဦး ဖြစ်သူ Andrew Steele က “ ကွန်ပြူတာကို လူတစ်ဦးရဲ့ ဆေးမှတ်တမ်းများကို ပေးခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးမလားဆိုတာ ကြိုတင် တွက်ချက်နိုင်တယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။ ဆရာဝန်များတောင် ဒီလောက် မှန်ကန်အောင် မတွက်ချက်နိုင်ပါဘူး။ “ လို့ ပြောပါတယ်။

Steele နဲ့ သူ့အဖွဲ့ဟာ နှလုံးရောဂါကြောင့် လူ သေဆုံးမှုကို ခန့်မှန်းရာမှာ ဆရာဝန်များထက် AI က ပိုတော်ကြောင်း ပြသဖို့အတွက် Farr Institute of Health Informatics Research and University College London Hospitals NHS Foundation Trust မှ သုတေသန ပညာရှင်များနဲ့ ပူးပေါင်းခဲ့ပါတယ်။ Steel အဖွဲ့ ဖန်တီးထားတဲ့ AI က လူနာရဲ့ အသက်၊ လိင်၊ နာမကျန်းမှု အခြေအနေများ အပါအဝင် ဒေတာ အမျိုးအစား ၃၇ ခုကို ကောက်ယူပြီး တွက်ချက်ခဲ့ပါတယ်။

Patent ပေါင်း ၆၀၀ နဲ့ လူနာ ဆေးမှတ်တမ်းပေါင်း ၈၀ ၀၀၀ ကို အခြေခံ၍ AI ရဲ့ တွက်ချက်မှုဟာ ဆရာဝန်များထက် ပိုမို တိကျခဲ့ပါတယ်။ အနာဂတ်မှာ AI များက လူနာများကို ဆေးကုသဖို့အတွက် အကြံဉာဏ်များတောင် ပေးနိုင်လာမယ်လို့ Steele က ပြောပါတယ်။

Ref : digitaltrends

AI က နှလုံးရောဂါကို ဆရာဝန်များထက် တိကျစွာ တွက်ချက်ပေးနိုင်

%d bloggers like this: