Android Ware 2.0 OS စနစ်မှာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုများပြုလုပ်ထား

Google ဟာ သူတို့ရဲ့ Developer Conference ပွဲ Google I/O 2016 မှာ ကြီးမားတဲ့ နည်းပညာပြောင်းလဲမှုတွေပြုလုပ်ထားတဲ့ နောက်ဆုံးထွက် စမတ်နာရီ Operation System သစ် Android Wear 2.0 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Android Ware 2.0 ဟာ စမတ်နာရီမျက်နှာပြင်မှာ ဘယ်လို Android Wear App တွေရဲ့ သတင်းအချက်အလက်တွေကိုမဆို ပြသပေးသွားမှာဖြစ်ပါတယ်။ Smart Reply ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တစ်မျိုးလည်း ပါဝင်လာပြီး ဝင်လာတဲ့ Notification တွေကို အမြန်ဆန်ဆုံး အကြောင်းပြန်နိုင်အောင် ကူညီပေးမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်ကြီးမားတဲ့အပြောင်းအလဲတစ်ရပ်ကတော့ သင့်အနေနဲ့ သင့်စမတ်ဖုန်းကို အိမ်မှာထားခဲ့ရင်တောင် တခြား Third Party ဆော့ဖ်ဝဲတစ်ခုခံပြီး သင့်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို အလိုအလျောက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းကိုအသုံးမပြုပဲ သီချင်းတွေကို စမတ်နာရီကနေ တိုက်ရိုက်နားဆင်နိုင်ပြီလည်း ဖြစ်ပါတယ်။

ဆယ်လူလာစနစ်ထောက်ပံ့ထားတဲ့ လုပ်ဆောင်ချက်တစ်ရပ်လည်း ပါဝင်လာပြီး အိမ်ကတံခါးတွေ၊ ပစ္စည်းတွေကို တိုက်ရိုက်ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ စမတ်နာရီတော်တော်များများမှာ ရရှိခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

Ref: TechnoBuffalo

%d bloggers like this: