Apple ရဲ့ ခေါက်ချိုး ဖုန်း ဒီဇိုင်း ထွက်လာပြီ

Apple က ခေါက်ချိုးဖုန်း ဒီဇိုင်းတစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ သူဟာ Samsung Galaxy Fold လို အတွင်းဘက်ကို ခေါက်ချိုးတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူ့မှာ Display Layer အပြင် Protective Cover Layer လည်း ပါပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ Protective Cover Layer ကို Glass, Sapphire , Zirconia များနဲ့ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Apple က သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ခေါက်ချိုးအသုံးပြုနိုင်တဲ့ Foldable ဖုန်း ထုတ်မယ့် ကုမ္ပဏီတွေကတော့ တဖြည်းဖြည်း ပိုများလာပါပြီ။ Xiaomi, LG, Huawei, Lenovo, Motorola နဲ့ နောက်ဆုံး TCL တို့သာမက အခုဆို Apple ကပါ Foldable iPhone ထုတ်ဖို့ စီစဉ်နေပါပြီ။

Apple ဟာ မူပိုင်ခွင့်တခုမှာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်း ဒီဇိုင်းပုံစံအမျိုးမျိုးကို ထည့်သွင်းလိုက်ပါတယ်။ ယခု မူပိုင်ခွင့်ဟာ ၂၀၁၁ ခုနှစ်က တင်ထားတဲ့ မူပိုင်ခွင့်ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်မှာ ခေါက်ချိုးသုံးနိုင်တဲ့ Display ပါ iPhone ဒီဇိုင်းတခု ထည့်သွင်း Update လုပ်ခဲ့ပါတယ်။

ယခု Apple က အသစ်ထည့်သွင်းလိုက်တဲ့ ခေါက်ချိုး iPhone ဒီဇိုင်းပုံတွေရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က အချိန် ပါ။ Apple ရဲ့ ဒီဇိုင်းအသစ်တွေမှာတော့ ထက်ဝက် ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတလုံးကို တွေ့မြင်ရပါတယ်။ Samsung နဲ့ Xiaomi တို့က တက်ဘလက်လို အသုံးပြုနိုင်တဲ့ ခေါက်ချိုးဖုန်းကို ထုတ်ဖို့ စီစဉ်နေချိန်မှာ Apple က အသုံးမပြုလိုတဲ့အခါ အိတ်ထဲ ခေါက်ထည့်ထားနိုင်တဲ့ ဖုန်းသေးတမျိုးကိုပါ စဉ်းစားနေပုံ ပေါ်ပါတယ်။

ဒါ့အပြင် ကမာခွံလို အဖွင့်အပိတ် လုပ်နိုင်တဲ့ ဒီဇိုင်း၊ သုံးခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းတို့ကို တွေ့မြင်ရမှာပါ။ စခရင်ကို အတွင်း၊ အပြင် ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်းက iPhone ကို iPad အသွင် ပြောင်းပေးနိုင်မှာပါ။ Apple အနေနဲ့ မူပိုင်ခွင့်မှာ Foldable iPhone နဲ့ ပတ်သတ်ပြီး ဒီဇိုင်းပုံတွေ တင်ထားပေမယ့်၊ အမှန်တကယ် ထုတ်ဖို့ကတော့ မသေချာသေးပါဘူး။

Ref : gsmarena

Apple ရဲ့ ခေါက်ချိုး ဖုန်း ဒီဇိုင်း ထွက်လာပြီ

%d bloggers like this: