Huawei MediaPad M6 လာမည်

Huawei က MediaPad Tablet အသစ်တစ်လုံးကို ဖန်တီးနေပါတယ်။ အခုတော့ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့အတွက် ၈.၄ လက်မနဲ့ ၁၀.၇ လက်မ မော်ဒယ်များ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ သူတို့ ၂ လုံးစလုံးမှာ မျက်နှာပြင် အရည်အသွေးက 2560x1660p ဖြစ်ပါတယ်။ တူညီတဲ့ Kirin 980 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အရွယ်သေးမော်ဒယ်မှာ 4500mAh Battery ပါလာနိုင်ပါတယ်။ အရွယ်ကြီး မော်ဒယ်မှာ 7500mAh Battery ပါလာနိုင်ပါတယ်။ ဒီဇိုင်း အပိုင်းမှာတော့ တက်ဘလက် ၂ လုံးစလုံးရဲ့ မျက်နှာပြင်ဘေးဘောင်များဟာ အလွန်ပါးလွှာမှာ ဖြစ်ပါတယ်။ ယခင်မျိုးဆက်များမှာလို Physical Buttons များ ပါမှာ မဟုတ်ပါဘူး။ အရှေ့ဘက်မှာ ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အောက်ခြေမှာ ဟွာဝေးရဲ့ လိုဂို ရေးထွင်းထားမှာ ဖြစ်ပါတယ်။

မကြာခင်မှာတော့ Huawei MediaPad M6 ရဲ့ သတင်းအချက်အလက်များကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena

Huawei MediaPad M6 လာမည်

%d bloggers like this: