Sony က 5G ပါတဲ့ Xperia F ကို ဖန်တီးနေ

Sony က ခေါက်ချိုး စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ သူ့ရဲ့ အမည်က Xperia F ဖြစ်ပါတယ်။ အခုတော့ တရုတ်က ထွက်ပေါ်လာတဲ့ သတင်းအရ အဲဒီစမတ်ဖုန်းကို လာမယ့် နှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ စကရင်ကတော့ ဆိုနီရဲ့ Trademark ဖြစ်တဲ့ 21:9 ဖြစ်မှာပါ။ ကွေးညွှတ်နိုင်တဲ့ OLED Panel ကို သုံးထားမှာ ဖြစ်ပြီး ဆမ်ဆောင်းကနေ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒေါင်လိုက်ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Sony Xperia F မှာ 5G Modem ပါလာမှာ ဖြစ်ပါတယ်။ ဒါဟာ ဆိုနီရဲ့ ပထမဆုံး 5G Smartphone ဖြစ်လာမှာပါ။ သူ့ကို IFA နည်းပညာ ပြပွဲမှာ ကြေညာနိုင်ပါတယ်။ Xperia 1 ကို ဥရောပမှာ ရောင်းချပေးထားပါတယ်။ အမေရိကန်မှာ ဇူလိုင်လ ၁၂ ရက်နေ့မှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

Sony က 5G ပါတဲ့ Xperia F ကို ဖန်တီးနေ

%d bloggers like this: