ေလဆာေရာင္ျခည္နဲ႔ အားသြင္းႏိုင္တဲ့ ဒရုန္းကို ဖန္တီးေနတဲ့ အေမရိကန္ စစ္တပ္

စြမ္းရည္ျမင့္ ဒရုန္းမ်ားေတာင္ တစ္ခါအားအျပည့္သြင္းထားရင္ နာရီ၀က္ေလာက္သာ ပ်ံသန္းႏုိင္ၾကပါတယ္။ အခုေတာ့ အေမရိကန္ စစ္တပ္က ေလေပၚပ်ံသန္းေနစဥ္မွာပင္ ေလဆာေရာင္ျခည္ျဖင့္ အားသြင္းႏုိင္တဲ့ Drone ကို ဖန္တီးေနတယ္လို႔ New Scientist က ေျပာပါတယ္။ ပညာရွင္မ်ားဟာ မီတာ ၅၀၀ အကြာကေန Photovoltaic Cells (Solar Panels) မ်ားထံ ေလဆာေရာင္ျခည္မ်ား ပစ္လႊတ္ျခင္းျဖင့္ အားသြင္းေပးမယ့္ နည္းပညာကို စမ္းသပ္ေနၾကပါတယ္။

ဒီနည္းပညာကို ဒရုန္းမ်ားမွာသာ တပ္ဆင္ႏုိင္ရင္ ဒရုန္းမ်ားဟာ နာရီေပါင္းမ်ားစြာ ပ်ံသန္းႏုိင္မွာ ျဖစ္ပါတယ္။ အျမင့္ ခပ္နိမ့္နိမ့္မွာ ပ်ံသန္းမယ့္ ဒရုန္းမ်ားမွာ ဒီနည္းပညာကို ထည့္သြင္းမွာ ျဖစ္ၿပီး အရြယ္ႀကီး ဒရုန္းမ်ားမွာ ထည့္သြင္းမွာ မဟုတ္ပါဘူး။ အဲဒီ ဒရုန္းမ်ားကို ေထာက္လွမ္းေရးအတြက္ အသံုးျပဳမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီနည္းပညာမွာ စိန္ေခၚမႈမ်ားစြာ ရွိေနပါေသးတယ္။ ေလဆာေရာင္ျခည္ကို လွ်ပ္စစ္ စြမ္းအင္ အျဖစ္ မေျပာင္းလဲႏုိင္ရင္ သူဟာ အပူစြမ္းအင္သို႔ ေျပာင္းလဲသြားၿပီး ဒရုန္းကို မီးေလာင္ပ်က္ဆီးေစမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေလဆာေရာင္ျခည္ကို ပစ္လႊတ္တဲ့ အခါ လူမ်ား၊ ငွက္မ်ား၊ ခရီးသည္တင္ ေလယာဥ္ပ်ံမ်ားတို႔ကို ထိမိႏုိင္တဲ့ ျပႆနာလည္း ရွိပါတယ္။

အေမရိကန္ စစ္တပ္က ဒီျပႆနာကို ေျဖရွင္းဖုိ႔အတြက္ ပိုမို တိက်တဲ့ ပစ္ခတ္နည္းမ်ားကို ဖန္တီးႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ လက္ရွိမွာ ေျမျပင္ကေန ေျမျပင္ကိုသာ ပစ္ခတ္စမ္းသပ္ေနပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ေျမျပင္ကေန ေ၀ဟင္သို႔ ပစ္ခတ္ စမ္းသပ္ႏုိင္ဖို႔ ရည္ရြယ္ထားပါတယ္။

[Unicode]

လေဆာရောင်ခြည်နဲ့ အားသွင်းနိုင်တဲ့ ဒရုန်းကို ဖန်တီးနေတဲ့ အမေရိကန် စစ်တပ်

စွမ်းရည်မြင့် ဒရုန်းများတောင် တစ်ခါအားအပြည့်သွင်းထားရင် နာရီဝက်လောက်သာ ပျံသန်းနိုင်ကြပါတယ်။ အခုတော့ အမေရိကန် စစ်တပ်က လေပေါ်ပျံသန်းနေစဉ်မှာပင် လေဆာရောင်ခြည်ဖြင့် အားသွင်းနိုင်တဲ့ Drone ကို ဖန်တီးနေတယ်လို့ New Scientist က ပြောပါတယ်။ ပညာရှင်များဟာ မီတာ ၅၀၀ အကွာကနေ Photovoltaic Cells (Solar Panels) များထံ လေဆာရောင်ခြည်များ ပစ်လွှတ်ခြင်းဖြင့် အားသွင်းပေးမယ့် နည်းပညာကို စမ်းသပ်နေကြပါတယ်။

ဒီနည်းပညာကို ဒရုန်းများမှာသာ တပ်ဆင်နိုင်ရင် ဒရုန်းများဟာ နာရီပေါင်းများစွာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ အမြင့် ခပ်နိမ့်နိမ့်မှာ ပျံသန်းမယ့် ဒရုန်းများမှာ ဒီနည်းပညာကို ထည့်သွင်းမှာ ဖြစ်ပြီး အရွယ်ကြီး ဒရုန်းများမှာ ထည့်သွင်းမှာ မဟုတ်ပါဘူး။ အဲဒီ ဒရုန်းများကို ထောက်လှမ်းရေးအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းပညာမှာ စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။ လေဆာရောင်ခြည်ကို လျှပ်စစ် စွမ်းအင် အဖြစ် မပြောင်းလဲနိုင်ရင် သူဟာ အပူစွမ်းအင်သို့ ပြောင်းလဲသွားပြီး ဒရုန်းကို မီးလောင်ပျက်ဆီးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေဆာရောင်ခြည်ကို ပစ်လွှတ်တဲ့ အခါ လူများ၊ ငှက်များ၊ ခရီးသည်တင် လေယာဉ်ပျံများတို့ကို ထိမိနိုင်တဲ့ ပြဿနာလည်း ရှိပါတယ်။

အမေရိကန် စစ်တပ်က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပိုမို တိကျတဲ့ ပစ်ခတ်နည်းများကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိမှာ မြေပြင်ကနေ မြေပြင်ကိုသာ ပစ်ခတ်စမ်းသပ်နေပါတယ်။ ၂၀၂၀ ခုနှစ်မှာ မြေပြင်ကနေ ဝေဟင်သို့ ပစ်ခတ် စမ်းသပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

%d bloggers like this: