အမေရိကန်နဲ့ တရုတ် အစိုးရတို့အကြား တင်းမာမှုများကြောင့် တရုတ် စစ်တပ်က Microsoft Windows OS အသုံးပြုမှုကို ရပ်နားဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုယ်ပိုင် Operating System ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မကြာခင်ကဖြန့်ချီခဲ့တဲ့ ကနေဒါ စစ်တပ် မဂ္ဂဇင်း Kanwa Asian Defence မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
တရုတ် စစ်တပ်က Linux ကိုလည်း သုံးမှာ မဟုတ်ပါဘူး။ သူတို့ ကိုယ်ပိုင် OS ကို ဖန်တီး အသုံးပြုမှာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဟာ Windows, Mac, Linux များကို ကောင်းကောင်း Hack နိုင်တယ်ဆိုတာကို တရုတ် အစိုးရက သိထားပါတယ်။
အဲဒီအတွက် တရုတ် အစိုးရက လုံခြုံရေးအတွက် သူ့ကိုယ်ပိုင် OS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါမှသာ အမေရိကန်နဲ့ အခြား နိုင်ငံများက တရုတ် စစ်တပ်ရဲ့ လုပ်ငန်းများကို ထောက်လှမ်းလို့ မရမှာ ဖြစ်ပါတယ်။ Epoch Times ရဲ့ သတင်းအရ အသစ်ဖွဲ့စည်းလိုက်တဲ့ Internet Security Information Leadership Group က အဲဒီ OS ကို ဖန်တီးမှာ ဖြစ်ပြီး ယခင် ဝင်းဒိုး ထည့်သွင်းထားတဲ့ တရုတ် စစ်တပ်ရဲ့ ကွန်ပြူတာများမှာ အဲဒီ OS အသစ်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
အဖွဲ့အစည်း အသစ်ကို Central Committee of the Chinese Communist Party (CCP) က တိုက်ရိုက် ညွှန်ကြားမှာ ဖြစ်ပါတယ်။ တရုတ် အာဏာပိုင်များက ဆိုက်ဘာနည်းပညာ အပိုင်းမှာ ပိုမို အဆင့်မြင့်လာစေဖို့ နိုင်ငံရဲ့ ကွန်ရက်ကို အဆင့်မြင့်မယ့် အစီအစဉ်များ ချမှတ်ထားပါတယ်။
Ref : techradar
တရုတ် စစ်တပ်က Windows အသုံးပြုမှုကို ရပ်နားမည်
You must log in to post a comment.