Tencent က အစိုးရနဲ့ပူးပေါင်းပြီး ကလေးများရဲ့ ဂိမ်းကစားချိန်ကို ကန့်သတ်မည်

ပြီးခဲ့တဲ့ တစ်ပတ်က တရုတ် သမ္မတ Xi Jinping နဲ့ ပညာရေး ဝန်ကြီးဌာနတို့က တရုတ်မှာ ဗီဒီယို ဂိမ်း အလွန်အကျွံ ကစားမှုကြောင့် မျက်မှန်လိုအပ်လာတဲ့ ကလေးများ များစွာ တိုးပွားလာတဲ့အတွက် နိုင်ငံတွင်းကို ဗီဒီယို ဂိမ်းများ ဝင်ရောက်လာမှုကို ပိုမို တင်းကြပ်မယ်လို့ ပြောခဲ့ပါတယ်။ ပညာရေး ဝန်ကြီးဌာနက ဂိမ်း အရေအတွက်များကို ကန့်သတ်ခြင်း အပြင် ဂိမ်းကစားတဲ့ အချိန်ကို လျှော့ချပေးနိုင်မယ့် နည်းလမ်းများကို ကျင့်သုံးမယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ ဝန်ကြီးဌာနရဲ့ စီမံကိန်းမှာ Tencent ပါဝင်လာပါတယ်။

တန်းစန့်က သူ့ရဲ့ နာမည်ကြီး MOBA Game ဖြစ်တဲ့ Arena of Valor ကို ကစားဖို့အတွက် တကယ့် နာမည်အရင်းများနဲ့ မှတ်ပုံတင်ရမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ အမည်များကို ရဲဌာနမှ ဒေတာဘေ့စ်များနဲ့ တိုက်ဆိုင်၍ အသက် ပြည့် ၊ မပြည့် စစ်ဆေးမှာပါ။ ဒါ့အပြင် အသက်ပြည့်သူများအတွက်လည်း တစ်ရက်မှာ နာရီ အနည်းငယ်သာ ကစားခွင့်ပေးထားပါတယ်။ အသက် ၁၂ နှစ်အောက် ကလေးများကို တစ်ရက်မှာ တစ်နာရီသာ ကစားခွင့်ပေးလိုက်ပါတယ်။ အသက် ၁၃ ကနေ ၁၈ နှစ်ရှိ ကလေးများဟာ တစ်ရက်မှာ နှစ်နာရီ ကစားခွင့်ရှိပါတယ်။

တန်းစန့်က ဒီစည်းမျဉ်းများကို ယခင်နှစ်ကစပြီး ကန့်သတ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ အစိုးရရဲ့ ဒေတာဘေ့စ်များကို အသုံးပြုလာနိုင်ပါပြီ။ အဲဒီအတွက် အသက် မပြည့်သေးတဲ့ လူငယ်များကို စိစစ်ရာမှာ ပိုမို အစွမ်းထက်လာပါတယ်။ ကမ္ဘာအဝန်းမှာ လူငယ်များဟာ စမတ်ဖုန်းများဖြင့် ဂိမ်းကို စွဲစွဲလန်းလန်း ကစားနေကြတဲ့အတွက် ပညာရေး၊ ကျန်းမာရေး ပြဿနာများ ဖြစ်လာပါတယ်။

Tencent က အစိုးရနဲ့ပူးပေါင်းပြီး ကလေးများရဲ့ ဂိမ်းကစားချိန်ကို ကန့်သတ်မည်

%d bloggers like this: