Asus က သမားရိုးကျ လက်ပ်တော့များနဲ့ ကွဲထွက်ပြီး ဒီဇိုင်း အရမ်းလှတဲ့ ZenBook Edition 30 ကို ပြသလိုက်ပါတယ်။ Computex 2019 မှာ ပြသလိုက်တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ နှစ် ၃၀ ပြည့်အထိမ်းအမှတ် အနေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
Asus ZenBook Edition 30 Laptop ရဲ့ Lid ကို တန်ဖိုးကြီး ပုလဲဖြူ အီတလီ သားရေနဲ့ ဖုံးအုပ်ထားပါတယ်။ လက်နဲ့ ချုပ်လုပ်ထားတာပါ။ အဲဒီအတွက် အလွန်ကို သေသပ်လှပပါတယ်။ နှင်းဆီရွှေရောင်ထောင့်စွန်းများကလည်း အလွန်ကို လိုက်ဖက်လှပပါတယ်။ Lid မှာ ကုမ္ပဏီရဲ့ နှစ် ၃၀ ပြည့် နှစ်ပတ်လည် လိုဂိုကို ၁၈ ကာရက်ရွှေနဲ့ ဖန်တီးထားပါတယ်။
လက်ပ်တော့မှာ ၁၃ လက်မ မျက်နှာပြင်ပါပြီး Screen-to-body Ratio မှာ ၉၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Intel Core i7 Processor ပါပါတယ်။ ပုလဲဖြူ မောက်စ်၊ သားရေ စတိုင် ဘူးခွံနဲ့ Mouse Pad များ ထုတ်လုပ်ပေးထားပါတယ်။ တကယ့်ကို သားရေနဲ့ ဖန်တီးထားတဲ့ ပုံပါ။
ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ အခြား ZenBook Series များထက် သူက ဈေးအနည်းငယ်ပိုများနိုင်ပါတယ်။
Ref : techradar
အရမ်းလှတဲ့ Asus ZenBook Edition 30 Laptop
You must log in to post a comment.