လွန်ခဲ့တဲ့ ၁၇နှစ်ရဲ့ မေလ ၁၉ရက်နေ့မှာ Star Wars Episode I ကိုစတင်ပြသခဲ့ပါတယ်

နာမည်ကျော်သိပ္ပံအာကာသဇာတ်လမ်းတွဲ Star Wars ဇာတ်ကားတွေရဲ့ စတုတ္ထမြောက်ဇာတ်ကား ဖြစ်တဲ့ “Star Wars The Phantom Menace” ကို တတိယမြောက် Star Wars ဇာတ်ကား “Return of the Jedi” ထွက်ရှိပြီး ၁၆နှစ်အကြာမှာ ရုံတင်ပြသခဲ့ပါတယ်။  ဒီဇာတ်ကားကို ပထမဆုံး Star Wars ဇာတ်ကား Star Wars Episode I အဖြစ်သတ်မှတ်ခဲ့ပြီး Star Wars ဇာတ်ကားတွေရဲ့ ဒါရိုက်တာ George Lucus က ဒေါ်လာ ၁၁၅သန်းအကုန်အကျခံပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

The Phantom Menace ဇာတ်ကားဟာ ငယ်ရွယ်တဲ့ အန်နကင်စကိုင်းဝေါ့ကာ ကို ဘယ်လိုမျိုး အိုဘီဝမ် ကင်နိုဘီ ကခေါ်ဆောင်လာခဲ့တယ်၊ ဘယ်လိုလေ့ကျင့်ပေးခဲ့တယ်၊ ပြီးတော့ အမှောင်ခြမ်းဘက်ကို အန်နကင် ဘယ်လိုပြောင်းလဲသွားခဲ့တယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

Episode I ဟာ တစ်ကမ္ဘာလုံးမှာ ဒေါ်လာသန်း ၁၀၀၀ ကျော်ဝင်ငွေရရှိခဲ့ပြီး ၁၉၉၉ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မထွက်တာ ၁၆နှစ်ကျော်ပြီဖြစ်တဲ့ Star Wars ဇာတ်ကားပရိတ်သတ်တွေကို လှုပ်နှိုးလိုက်သလိုဖြစ်သွားခဲ့ပြီး အောင်မြင်မှုကြီးမားစွာရရှိခဲ့တာပါ။ ဒီဇာတ်ကားပြီးသွားတဲ့အခါမှာ နောက်ဆက်တွဲဇာတ်လမ်းအဖြစ် ၂၀၀၂ ခုနှစ်မှာ Star Wars: Episode II – Attack of the Clones နဲ့ ၂၀၀၅ခုနှစ်မှာ Star Wars: Episode III – Revenge of the Sith တို့ကိုဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

Ref: This Day in Tech History, Wikipedia

 

 

%d bloggers like this: