0 Shares 24 Views

အင်တာနက်လိုင်းမရှိလည်း အင်တာနက်သုံးနိုင်မယ့် တစ်ကိုယ်ရည်ကွန်ပြူတာအသစ်တစ်မျိုး ပေါ်ထွက်လာ

Jan 11, 2016
0 24

endless_mini_screenshot

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုအခြေစိုက်၊ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Endless ကုမ္ပဏီဟာ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေကြီးစိုးနေတဲ့ ဒီဘက်ခေတ်ထဲကို သမားရိုးကျမဟုတ်တဲ့တစ်ကိုယ်ရည်ကွန်ပြူတာ (PC) တစ်မျိုးနဲ့ စတင်ဝင်ရောက်လာပါတယ်။

လတ်စ်ဗေးဂတ်စ်မြို့ မှာကျင်းပခဲ့တဲ့ အီလက်ထရောနစ်ပစ္စည်းပြပွဲ (CES) မှာ ကုမ္ပဏီဟာ ဂရိတ်ဖရုသီးအရွယ်အစားလောက်သာရှိတဲ့ စက်လုံးပုံစံ စားပွဲတင်ကွန်ပြူတာတစ်လုံးကို စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

Endless Mini လို့ ခေါ်တဲ့ အဆိုပါကွန်ပြူတာရဲ့ ဆန်းသစ်တဲ့စွမ်းရည်ကတော့ ယင်းရဲ့ hard drive ထဲမှာ အဓိက၀က်ဘ်ဆိုဒ်ကြီးတွေကို တစ်ပါတည်းထည့်သိမ်းဆည်းထားတာမို့ အင်တာနက်ကွန်နက်ရှင်မလိုအပ်ဘဲ ၀က်ဘ်ဆိုဒ်တွေ ၀င်ကြည့်နိုင်ခြင်းဖြစ်ပါတယ်။ ဒီ့အပြင်ဈေးနှုန်းကလည်း ၇၉ ဒေါ်လာသာရှိတဲ့အတွက်၊ ပိုက်ဆံမတတ်နိုင်သူတွေအနေနဲ့ နောက်ဆုံးပေါ်ကွန်ပြူတာတစ်လုံး ကိုင်နိုင်တော့မှာဖြစ်ပါတယ်။

“ ကမ္ဘာမှာကွန်ပြုတာမရှိသေးသူတွေ သန်းထောင်ပေါင်းများစွာရှိနေတာက တော်တော်စိတ်မကောင်းဖြစ်စရာပါ။ လူတိုင်းကွန်ပြူတာကိုင်နိုင်ဖို့  ကျွန်တော်တို့ အထိရောက်ဆုံးလုပ်နိုင်တာကတော့ ဈေးကိုလျှော့ပေးတာပဲဖြစ်ပါတယ်။ နောက်ထပ် ဒုတိယမြောက်အထိရောက်ဆုံး ကျွန်တော်တို့  စွမ်းဆောင်ပေးနိုင်တာက အင်တာနက်လိုင်းမရတာကို ဖြေရှင်းပေးနိုင်ဖို့ ပါ” လို့  Endless ကုမ္ပဏီရဲ့ CEO Matt Dalio က ပြောကြားခဲ့ပါတယ်။

ယခု Endless Mini ကွန်ပြူတာမှာ Wikipedia စွယ်စုံကျမ်းနဲ့ Khan Academy က ပညာရေးဆိုင်ရာအချက်အလက်၊ဆောင်းပါးတွေ အစရှိတဲ့ သတင်းအချက်အလက်ပေါင်း ၆၅၀ မီဂါဘိုက် ကြိုတင်ထည့်သွင်ပေးထားပြီး အင်တာနက်လိုင်းမလိုဘဲ ရှာဖွေလေ့လာနိုင်မှာဖြစ်ပါတယ်။

ကွန်ပြူတာကို အင်တာနက်နဲ့ ချိတ်ဆက်ပေးလိုက်ရင်၊ နောက်ဆုံးထွက် ဆောင်းပါး၊အချက်အလက်တွေကို အလိုအလျောက်ဒေါင်းလုဒ်လုပ်ပေးမှာဖြစ်ပြီး offline ဖြစ်သွားရင်လည်း ပြန်လည် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

CEO Dalio ရဲ့ ပြောကြားချက်အရ ကုမ္ပဏီဟာ ၇၉ ဒေါ်လာတန်ကွန်ပြူတာကနေ အမြတ်အစွန်းရရှိဖို့ မမျှော်လင့်ထားဘဲ၊ ကွန်ပြူတာနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချရာကနေ ၀င်ငွေရှာသွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။

Endless Mini ဟာ Linux စနစ်သုံးဖြစ်ပြီး storage သိုလှောင်မှု ပမာဏ 24 Gb ပါရှိကာ ARM Cortex-A ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။

Ref: Gadgets360

 

You may be interested

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares0 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
397 shares65 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

Leave a Comment

Most from this category