0 Shares 35 Views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

May 25, 2019
0 35

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ ‘scUber’ လို႔ နာမည္ေပးထားပါတယ္။

‘scUber’ ကို အေမရိကန္ျပည္ေထာင္စု၊ ကြင္းစ္လန္းျပည္နယ္မွာ ေနထိုင္သူေတြအေနနဲ႔ လာမယ့္ အပတ္ကေန စတင္ ငွားစီးႏိုင္မွာ ျဖစ္ပါတယ္။ Uber app ကေနပဲ ႏွစ္ေယာက္စီး ေရငုပ္သေဘၤာအတြက္ ခရီးစဥ္ ႀကိဳမွာ ရမွာ ျဖစ္ပါတယ္။ ေမာင္းသူပါဝင္တဲ့ ဘက္ထရီစြမ္းအင္သုံး ‘scUber’ ေရငုပ္သေဘၤာနဲ႔ ၾသစေၾတးလ်က ကမာၻ႔အေမြအႏွစ္စာရင္းဝင္ မဟာသႏၲာေက်ာက္တန္းဆီ သြားမွာ ျဖစ္ပါတယ္။

ေမလ ၂၇ ရက္ေန႔နဲ႔ ဂြၽန္လ ၁၈ ရက္အတြင္း ‘scUber’ နဲ႔ ေရေအာက္ငုပ္လွ်ိဳးမႈ အႀကိမ္ ၂၀ ပဲ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ခရီးစဥ္တခုကို တနာရီၾကာမွာပါ။

ေရငုပ္သေဘၤာ ငွားစီးခကေတာ့ Uber ကားငွားစီးတာထက္ အမ်ားႀကီး ပိုပါလိမ့္မယ္။ တေယာက္ကို ၁,၀၃၀ ေဒၚလာ ျဖစ္ပါတယ္။ ေရငုပ္သေဘၤာနဲ႔ ငုပ္မယ့္ ေနရာအေရာက္ ရဟတ္ယာဥ္နဲ႔ လိုက္ပို႔တာ ပါၿပီး ေစ်းႏႈန္းပါ။ ထို႔ေနာက္ ေရငုပ္သေဘၤာနဲ႔ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ မီတာ ၂၀ အနက္အထိ ငုပ္လွ်ိဳး ဆင္းသက္ၿပီး မဟာသႏၲာေက်ာက္တန္းႀကီးကို အနီးကပ္ၾကည့္ရမွာ ျဖစ္ပါတယ္။

ပတ္ဝန္းက်င္ညစ္ညမ္းမႈနဲ႔ ရာသီဥတုေျပာင္းလဲမႈေတြေၾကာင့္ ေဂဟစနစ္ ယိုယြင္းမႈရွိလာေပမယ့္ ကမာၻေပၚမွာ မဟာသႏၲာေက်ာက္တန္းဟာ ေရပန္းအစားဆုံး ကမာၻလွည့္ခရီးသည္ လည္ပတ္ရာေနရာတခုအျဖစ္ ဆက္လက္တည္ရွိေနဆဲ ျဖစ္ပါတယ္။ Uber ရဲ႕ ေရငုပ္သေဘၤာ အငွားဝန္ေဆာင္မႈဟာ မဟာသႏၲာေက်ာက္တန္းရဲ႕ လက္ရွိအေျခအေနကို ဂ႐ုျပဳမိၾကေစဖို႔ ျဖစ္တယ္လို႔ သိရပါတယ္။

Ref: Daily Mail

(Unicode)

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ ‘scUber’ လို့ နာမည်ပေးထားပါတယ်။

‘scUber’ ကို အမေရိကန်ပြည်ထောင်စု၊ ကွင်းစ်လန်းပြည်နယ်မှာ နေထိုင်သူတွေအနေနဲ့ လာမယ့် အပတ်ကနေ စတင် ငှားစီးနိုင်မှာ ဖြစ်ပါတယ်။ Uber app ကနေပဲ နှစ်ယောက်စီး ရေငုပ်သင်္ဘောအတွက် ခရီးစဉ် ကြိုမှာ ရမှာ ဖြစ်ပါတယ်။ မောင်းသူပါဝင်တဲ့ ဘက်ထရီစွမ်းအင်သုံး ‘scUber’ ရေငုပ်သင်္ဘောနဲ့ သြစတြေးလျက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မဟာသန္တာကျောက်တန်းဆီ သွားမှာ ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့နဲ့ ဂျွန်လ ၁၈ ရက်အတွင်း ‘scUber’ နဲ့ ရေအောက်ငုပ်လျှိုးမှု အကြိမ် ၂၀ ပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်တခုကို တနာရီကြာမှာပါ။

ရေငုပ်သင်္ဘော ငှားစီးခကတော့ Uber ကားငှားစီးတာထက် အများကြီး ပိုပါလိမ့်မယ်။ တယောက်ကို ၁,၀၃၀ ဒေါ်လာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောနဲ့ ငုပ်မယ့် နေရာအရောက် ရဟတ်ယာဉ်နဲ့ လိုက်ပို့တာ ပါပြီး စျေးနှုန်းပါ။ ထို့နောက် ရေငုပ်သင်္ဘောနဲ့ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၂၀ အနက်အထိ ငုပ်လျှိုး ဆင်းသက်ပြီး မဟာသန္တာကျောက်တန်းကြီးကို အနီးကပ်ကြည့်ရမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဂေဟစနစ် ယိုယွင်းမှုရှိလာပေမယ့် ကမ္ဘာပေါ်မှာ မဟာသန္တာကျောက်တန်းဟာ ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသည် လည်ပတ်ရာနေရာတခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ Uber ရဲ့ ရေငုပ်သင်္ဘော အငှားဝန်ဆောင်မှုဟာ မဟာသန္တာကျောက်တန်းရဲ့ လက်ရှိအခြေအနေကို ဂရုပြုမိကြစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Daily Mail

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category