ဓါးပြတိုက်ရင် ပေးဖို့ ဖုန်း အတုတွေ ဆောင်ထားတဲ့ မက္ကဆီကို လူမျိုးများ

မက္ကဆီကို စီးတီးမှာ လက်နက်ကိုင် ဓါးပြတိုက်မှုများ များပြားနေပါတယ်။ အဲဒီအတွက် နိုင်ငံသားများဟာ ဓါးပြတိုက်ရင် ပေးဖို့ ဖုန်း အတုတွေ ဆောင်ထားကြပါတယ်။ မက္ကဆီကို စီးတီးမှာ တစ်ယောက်ထဲ လမ်းလျှောက်ခြင်း၊ ဘတ်စ်ကားစီးခြင်းများဟာ အန္တရာယ် အလွန် များပါတယ်။ မကြာခင်က စစ်တမ်းတစ်ခုအရ ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး လေးလမှာ လုယက်မှုပေါင်း ၇၀ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲက သုံးပုံပုံနှစ်ပုံဟာ လမ်းသွားလမ်းလာများကို ပစ်မှတ်ထားခဲ့တာပါ။ နောက်တစ်ပုံကတော့ အများပြည်သူသုံး ပို့ဆောင်ရေး ယာဉ်များ စီးတဲ့လူများ၊ မီးပွိုင့်မှာ စောင့်ဆိုင်းနေသူများကို လုယက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ပြည်သူ ပြည်သားများဟာ ဓါးပြတိုက် လုယက်ရင် သူတို့ရဲ့ စမတ်ဖုန်း အစစ်များကို မပေးဘဲ အတုများကို ပေးဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်း အတုများဟာ မက္ကဆီကို ပီဆို ၃၀၀ ကနေ ၅၀၀ အတွင်းသာ ရှိပါတယ်။ ဒေါ်လာအားဖြင့် ၁၅ ကနေ ၂၅ အကြားသာ ရှိပါတယ်။ သူတို့ဟာ တကယ့် အစစ်များနဲ့ တူပါတယ်။ iPhone , Samsung Galaxy Phone အတုများလည်း ထုတ်လုပ်ထားပါတယ်။ Display ကလည်း တကယ့် အစစ်အတိုင်းပါပဲ။ အတွင်းပိုင်းမှာတော့ တကယ့် စမတ်ဖုန်း အစစ်လို အလေးချိန်ရှိအောင် သတ္တုများ ထည့်ထားပါတယ်။

စမတ်ဖုန်း လုယက်မှုများဟာ မက္ကဆီကိုမှာ ကြီးမားတဲ့ ပြဿနာ ဖြစ်နေတာ ကြာနေပါပြီ။ စမတ်ဖုန်းများဟာ တန်ဖိုးကြီးပြီး ခရက်ဒစ်ကဒ် ၊ ဘဏ်အကောင့်လို အရေးကြီး ဒေတာများလည်း ထည့်သွင်းထားကြပါတယ်။ အဲဒီအတွက် ဈေးပေါတဲ့ စမတ်ဖုန်း အတုများကို မက္ကဆီကိုမှာ ကိုင်လာကြတာ ဖြစ်ပါတယ်။

Ref : odditycentral

ဓါးပြတိုက်ရင် ပေးဖို့ ဖုန်း အတုတွေ ဆောင်ထားတဲ့ မက္ကဆီကို လူမျိုးများ

%d bloggers like this: