မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search

Google က Mobile Devices ေတြအတြက္ Search Result ေဖာ္ျပတဲ့ စာမ်က္ႏွာကို ဒီဇိုင္းအနည္းငယ္ ေျပာင္းလဲလိုက္ပါတယ္။ အခုဆိုရင္ Search Result တခုခ်င္းစီရဲ႕ ေခါင္းစီးစာသား (Title) ေပၚမွာ website ရဲ႕ icon နဲ႔ နာမည္တို႔ကို ဦးစားေပး ေဖာ္ျပထားမွာပါ။

အသုံးျပဳသူေတြအေနနဲ႔ ကိုယ္ရွာလိုက္တဲ့ သတင္းအခ်က္အလက္က ဘယ္ကလာလဲဆိုတာကို ပိုမို နားလည္သိရွိေစဖို႔အတြက္ ေျပာင္းလဲလိုက္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အရင္က Page Title က ထိပ္ဆုံးမွာ ေပၚၿပီး၊ သူ႔ေအာက္မွာ website နာမည္နဲ႔ URL တို႔ ကို ေဖာ္ျပထားၿပီး၊ ေအာက္ဆုံးမွာ Page Description ကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အခုဆို Website နာမည္နဲ႔ icon တို႔ကို ထိပ္ဆုံးက ျမင္ရမွာ ျဖစ္ပါတယ္။

ေျပာင္းလဲလိုက္တဲ့ ဒီဇိုင္းသစ္ကို ယခုအခါ အသုံးျပဳသူအနည္းငယ္အတြက္ပဲ ထုတ္ေပးထားၿပီး၊ မၾကာခင္ ရက္အနည္းငယ္အတြင္း အသုံးျပဳသူအားလုံးအတြက္ ထုတ္ေပးသြားမယ္လို႔ Google က ေျပာၾကားထားပါတယ္။ Desktop မွာလည္း အခုလို ဒီဇိုင္းေျပာင္းမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဒါ့အျပင္ Search Result စာမ်က္ႏွာမွာ ေၾကာ္ျငာ ျပသတဲ့ ပုံစံလည္း အနည္းငယ္ ေျပာင္းသြားပါတယ္။ အရင္တုန္းက ေၾကာ္ျငာဆိုရင္ Title ေအာက္မွာ ‘Ad’ လို႔ အစိမ္းေရာင္နဲ႔ ျပထားရာကေန၊ အခုေတာ့ Title အေပၚမွာ bold လုပ္ၿပီး ျပထားမွာ ျဖစ္ပါတယ္။

အခု အသစ္ေျပာင္းလဲလိုက္တဲ့ ဒီဇိုင္းေၾကာင့္ Search Results မွာ အသုံးဝင္တဲ့ Action ခလုတ္ေတြနဲ႔ Preview ေတြကို ပိုမို ထည့္သြင္းႏိုင္မွာ ျဖစ္တယ္လို႔ Google က ဆိုပါတယ္။

Ref: Gadgets 360

(Unicode)

မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search

Google က Mobile Devices တွေအတွက် Search Result ဖော်ပြတဲ့ စာမျက်နှာကို ဒီဇိုင်းအနည်းငယ် ပြောင်းလဲလိုက်ပါတယ်။ အခုဆိုရင် Search Result တခုချင်းစီရဲ့ ခေါင်းစီးစာသား (Title) ပေါ်မှာ website ရဲ့ icon နဲ့ နာမည်တို့ကို ဦးစားပေး ဖော်ပြထားမှာပါ။

အသုံးပြုသူတွေအနေနဲ့ ကိုယ်ရှာလိုက်တဲ့ သတင်းအချက်အလက်က ဘယ်ကလာလဲဆိုတာကို ပိုမို နားလည်သိရှိစေဖို့အတွက် ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်က Page Title က ထိပ်ဆုံးမှာ ပေါ်ပြီး၊ သူ့အောက်မှာ website နာမည်နဲ့ URL တို့ ကို ဖော်ပြထားပြီး၊ အောက်ဆုံးမှာ Page Description ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အခုဆို Website နာမည်နဲ့ icon တို့ကို ထိပ်ဆုံးက မြင်ရမှာ ဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းသစ်ကို ယခုအခါ အသုံးပြုသူအနည်းငယ်အတွက်ပဲ ထုတ်ပေးထားပြီး၊ မကြာခင် ရက်အနည်းငယ်အတွင်း အသုံးပြုသူအားလုံးအတွက် ထုတ်ပေးသွားမယ်လို့ Google က ပြောကြားထားပါတယ်။ Desktop မှာလည်း အခုလို ဒီဇိုင်းပြောင်းမလားဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် Search Result စာမျက်နှာမှာ ကြော်ငြာ ပြသတဲ့ ပုံစံလည်း အနည်းငယ် ပြောင်းသွားပါတယ်။ အရင်တုန်းက ကြော်ငြာဆိုရင် Title အောက်မှာ ‘Ad’ လို့ အစိမ်းရောင်နဲ့ ပြထားရာကနေ၊ အခုတော့ Title အပေါ်မှာ bold လုပ်ပြီး ပြထားမှာ ဖြစ်ပါတယ်။

အခု အသစ်ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းကြောင့် Search Results မှာ အသုံးဝင်တဲ့ Action ခလုတ်တွေနဲ့ Preview တွေကို ပိုမို ထည့်သွင်းနိုင်မှာ ဖြစ်တယ်လို့ Google က ဆိုပါတယ်။

Ref: Gadgets 360

%d bloggers like this: