0 Shares 357 Views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

May 23, 2019
0 357

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL မိုဘိုင္းဗားရွင္းကို ေရးဆြဲေနတာ တႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေၾကာင္း Reuters မွာ ေဖာ္ျပထားတာပါ။ အခု ၂၀၁၉ မွာေတာ့ ထြက္မလာေလာက္ေသးပါဘူး။

ေလာေလာဆည္ မိုဘိုင္းပလက္ေဖာင္းမွာ League of Legends နဲ႔ ဆင္တူတဲ့ ဂိမ္းေတြက ေတာ္ေတာ္မ်ားမ်ား ရွိေနၿပီး ျဖစ္ပါတယ္။ Tencent ကိုယ္တိုင္ ထုတ္ထားတဲ့ Arena of Valor၊ Moonton ရဲ႕ Mobile Legends စတဲ့ ဂိမ္းမ်ိဳးေတြပါ။ Mobile Legends ဆို LoL နဲ႔ ေတာ္ေတာ္ဆင္တူတဲ့အတြက္ ၂၀၁၈ မွာ Moonton က Tencent ကို ကန္ေဒၚလာ ၂.၉ သန္း နစ္နာေၾကး ေပးေလ်ာ္ခဲ့ရပါေသးတယ္။ Arena of Valor ကေတာ့ LoL နဲ႔ မိခင္ကုမၸဏီ အတူတူျဖစ္တဲ့အတြက္ ကိစၥမရွိပါဘူး။

Kotaku ရဲ႕ သတင္းရင္းျမစ္ေတြအရ League of Legends မိုဘိုင္းဗားရွင္းဟာ PC ဗားရွင္းနဲ႔ ေယဘုယ်အသြင္အျပင္က လြဲလို႔ ကစားပုံ ေတာ္ေတာ္ကြာျခားမယ္လို႔ သိရပါတယ္။ Items ေတြ Runes ေတြပါ မွာ မဟုတ္ဘဲ၊ Characters လည္း ပိုနည္းႏိုင္ပါတယ္။ မိုဘိုင္းဖုန္းေတြအတြက္ ရည္႐ြယ္ထားတာဆိုေတာ့ Gameplay ကေတာ့ ေသခ်ာေပါက္ ကြာမွာပါ။

Tencent ဟာ ၂၀၁၅ ခုႏွစ္မွာ Riot Games ကို ဝယ္ယူခဲ့စဥ္ကတည္းက LoL ကို မိုဘိုင္းဗားရွင္း လုပ္ဖို႔ ေျပာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Riot ဘက္က Tencent ဒီဇိုင္နာေတြအစား သူတို႔ ဒီဇိုင္နာေတြနဲ႔ပဲ လုပ္ခ်င္တာေၾကာင့္ မိုဘိုင္းဗားရွင္းထုတ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ Riot တည္ေထာင္သူေတြကလည္း PC အတြက္ ထုတ္ထားတဲ့ LoL ကို စမတ္ဖုန္းေတြအတြက္ ေလ်ာ့ခ်ျပင္ဆင္ၿပီး မထုတ္ခ်င္ခဲ့လို႔ ျဖစ္ပါတယ္။ အခုေတာ့ မိုဘိုင္းဂိမ္း တေခတ္ဆန္းလာတာနဲ႔အတူ LoL ကလည္း ပရိတ္သတ္အခိုင္အမာ ရွိၿပီးသား ဆိုေတာ့ LoL မိုဘိုင္းဗားရွင္း ထုတ္ေတာ့မွာ ျဖစ္ပါတယ္။

Riot Games ဟာ ၁၃ ႏွစ္တာ ကာလအတြင္း ဗီဒီယိုဂိမ္းတခုပဲ ထုတ္ထားတဲ့ ကုမၸဏီျဖစ္ပါတယ္။ League of Legends ဟာ PC မွာ ေအာင္ျမင္မႈ ေတာ္ေတာ္ႀကီးမားတာေၾကာင့္၊ ဒီအရွိန္အဝါနဲ႔ မိုဘိုင္းဂိမ္းထုတ္မယ္ဆိုရင္လည္း ခ်က္ခ်င္း ေပါက္ဖို႔ မ်ားပါတယ္။

ဒါ့အျပင္ အားထည့္ လုပ္ေဆာင္ေနတဲ့ League of Legends esports ပြဲေတြကိုလည္း ၾကည့္ရႈသူေတြ ပိုမို ဆြဲေဆာင္နိင္မွာပါ။ လြန္ခဲ့တဲ့တပတ္က တိုင္ေပမွာ က်င္းပၿပီးစီးခဲ့တဲ့ Mid-Season Invitational Event က SKT vs G2 ပြဲဆိုရင္ တ႐ုတ္ကေန ၾကည့္ရႈသူေတြမပါဝင္ဘဲ ၾကည့္ရႈသူဦးေရ ၁.၇ သန္းအထိ စံခ်ိန္တင္ရရွိခဲ့ပါတယ္။

Ref: Kotaku, Android Authority

(Unicode)

League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်

နာမည်ကြီး MOBA ဂိမ်းတခုဖြစ်တဲ့ League of Legends ကို မိုဘိုင်းဗားရှင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ League of Legends ဂိမ်း developer Riot Games နဲ့ မိခင်ကုမ္ပဏီ Tencent တို့ က LoL မိုဘိုင်းဗားရှင်းကို ရေးဆွဲနေတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း Reuters မှာ ဖော်ပြထားတာပါ။ အခု ၂၀၁၉ မှာတော့ ထွက်မလာလောက်သေးပါဘူး။

လောလောဆည် မိုဘိုင်းပလက်ဖောင်းမှာ League of Legends နဲ့ ဆင်တူတဲ့ ဂိမ်းတွေက တော်တော်များများ ရှိနေပြီး ဖြစ်ပါတယ်။ Tencent ကိုယ်တိုင် ထုတ်ထားတဲ့ Arena of Valor၊ Moonton ရဲ့ Mobile Legends စတဲ့ ဂိမ်းမျိုးတွေပါ။ Mobile Legends ဆို LoL နဲ့ တော်တော်ဆင်တူတဲ့အတွက် ၂၀၁၈ မှာ Moonton က Tencent ကို ကန်ဒေါ်လာ ၂.၉ သန်း နစ်နာကြေး ပေးလျော်ခဲ့ရပါသေးတယ်။ Arena of Valor ကတော့ LoL နဲ့ မိခင်ကုမ္ပဏီ အတူတူဖြစ်တဲ့အတွက် ကိစ္စမရှိပါဘူး။

Kotaku ရဲ့ သတင်းရင်းမြစ်တွေအရ League of Legends မိုဘိုင်းဗားရှင်းဟာ PC ဗားရှင်းနဲ့ ယေဘုယျအသွင်အပြင်က လွဲလို့ ကစားပုံ တော်တော်ကွာခြားမယ်လို့ သိရပါတယ်။ Items တွေ Runes တွေပါ မှာ မဟုတ်ဘဲ၊ Characters လည်း ပိုနည်းနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေအတွက် ရည်ရွယ်ထားတာဆိုတော့ Gameplay ကတော့ သေချာပေါက် ကွာမှာပါ။

Tencent ဟာ ၂၀၁၅ ခုနှစ်မှာ Riot Games ကို ဝယ်ယူခဲ့စဉ်ကတည်းက LoL ကို မိုဘိုင်းဗားရှင်း လုပ်ဖို့ ပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Riot ဘက်က Tencent ဒီဇိုင်နာတွေအစား သူတို့ ဒီဇိုင်နာတွေနဲ့ပဲ လုပ်ချင်တာကြောင့် မိုဘိုင်းဗားရှင်းထုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ Riot တည်ထောင်သူတွေကလည်း PC အတွက် ထုတ်ထားတဲ့ LoL ကို စမတ်ဖုန်းတွေအတွက် လျော့ချပြင်ဆင်ပြီး မထုတ်ချင်ခဲ့လို့ ဖြစ်ပါတယ်။ အခုတော့ မိုဘိုင်းဂိမ်း တခေတ်ဆန်းလာတာနဲ့အတူ LoL ကလည်း ပရိတ်သတ်အခိုင်အမာ ရှိပြီးသား ဆိုတော့ LoL မိုဘိုင်းဗားရှင်း ထုတ်တော့မှာ ဖြစ်ပါတယ်။

Riot Games ဟာ ၁၃ နှစ်တာ ကာလအတွင်း ဗီဒီယိုဂိမ်းတခုပဲ ထုတ်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ League of Legends ဟာ PC မှာ အောင်မြင်မှု တော်တော်ကြီးမားတာကြောင့်၊ ဒီအရှိန်အဝါနဲ့ မိုဘိုင်းဂိမ်းထုတ်မယ်ဆိုရင်လည်း ချက်ချင်း ပေါက်ဖို့ များပါတယ်။

ဒါ့အပြင် အားထည့် လုပ်ဆောင်နေတဲ့ League of Legends esports ပွဲတွေကိုလည်း ကြည့်ရှုသူတွေ ပိုမို ဆွဲဆောင်နိင်မှာပါ။ လွန်ခဲ့တဲ့တပတ်က တိုင်ပေမှာ ကျင်းပပြီးစီးခဲ့တဲ့ Mid-Season Invitational Event က SKT vs G2 ပွဲဆိုရင် တရုတ်ကနေ ကြည့်ရှုသူတွေမပါဝင်ဘဲ ကြည့်ရှုသူဦးရေ ၁.၇ သန်းအထိ စံချိန်တင်ရရှိခဲ့ပါတယ်။

Ref: Kotaku, Android Authority

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category