Official Image ထြက္လာတဲ့ Redmi K20

Redmi K20 ရဲ႕ အေနာက္ဘက္ကို ရိုက္ကူးထားတဲ့ ဓါတ္ပံုတစ္ခု ထြက္ေပၚလာပါတယ္။ အေနာက္ဘက္ဟာ အေရာင္ေျပာင္း ဒီဇိုင္း ျဖစ္ၿပီး ကင္မရာ သံုးလံုးကို ေဒါင္လိုက္ တပ္ဆင္ထားတာကို ျမင္ရပါတယ္။ ကင္မရာ တစ္လံုးကို သီးျခားခြဲထုတ္ၿပီး Ring ထဲမွာ ထည့္ထားပါတယ္။ ပါ၀ါနဲ႔ အသံခလုတ္မ်ားကို ဖုန္းရဲ႕ ညာဘက္ျခမ္းမွာ ထည့္သြင္းထားပါတယ္။

မေန႔ကလည္း Redmi က ၀ီဘိုကေန သူ႔မွာ 4000mAh Battery ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အရင္က ထြက္ခဲ့တဲ့ သတင္းအတိုင္းပဲ ျဖစ္ပါတယ္။ ဘက္ထရီအတြက္ 27W အားအျမန္သြင္းစနစ္လည္း ပါလာမွာပါ။ Ultra-wide ကင္မရာေနာက္တလုံး၊ 20MP Pop-up ေရွ႕ကင္မရာ စတဲ့ အလန္းစားေတြ ပါလာႏိုင္ပါတယ္။ တရားဝင္ ျမင္ေတြ႕ရဖို႔ ေနာက္တပတ္ေလာက္ပဲ လိုေတာ့မွာပါ။

Redmi K20 စီးရီးမွာ ဖုန္းတလုံးတည္း မဟုတ္ဘဲ ႏွစ္လုံးျဖစ္ႏိုင္ပါတယ္။ အခု ေခတ္စားေနသလိုမ်ိဳး ႐ိုး႐ိုးေမာ္ဒယ္တလုံးနဲ႔ Pro ေမာ္ဒယ္တလုံး ထုတ္မွာပါ။ Redmi K20 လို႔ အမည္ေပးထားတဲ့ အဆိုပါဖုန္းကို ေမလ ၂၈ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာ ျဖစ္ေၾကာင္း Redmi ကုမၸဏီက Weibo ကေန တဆင့္ မၾကာခင္က ေၾကညာထားပါတယ္။

Weibo မွာ တင္ထားခဲ့တဲ့ ပို႔စ္အရ Redmi K20 မွာ 48MP ကင္မရာတလုံး ပါဝင္လာမွာျဖစ္ၿပီး၊ Sony IMX586 sensor အသုံးျပဳမွာျဖစ္တယ္လို႔ Xiaomi တည္ေထာင္သူ Lei Jun ကိုယ္တိုင္က မၾကာခင္က အတည္ျပဳေပးထားပါတယ္။

Redmi ဖုန္းေတြမွာ ပထမဆုံး Flagship ဖုန္းျဖစ္လာမယ့္ K20 မွာ Snapdragon 855 Chipset ကို အသုံးျပဳသြားမွာလည္း ျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Chipset အျပင္၊ Flagship အတန္းအစား ကင္မရာလည္း ပါလာမွာက Redmi ပရိတ္သတ္ေတြအတြက္ ရင္ခုန္စရာပါ။ “Flagship Killer” အသစ္ျဖစ္လာဖို႔ ရည္႐ြယ္ထားတဲ့ ဖုန္းျဖစ္တယ္လို႔ သိရပါတယ္။ ဒီ့အတြက္ AMOLED Display, Gorilla Glass 6 နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာစနစ္တို႔လို႔ ပါဝင္လာဖို႔ ရွိပါတယ္။

Ref : gsmarena

[Unicode]

Official Image ထွက်လာတဲ့ Redmi K20

Redmi K20 ရဲ့ အနောက်ဘက်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခု ထွက်ပေါ်လာပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပြီး ကင်မရာ သုံးလုံးကို ဒေါင်လိုက် တပ်ဆင်ထားတာကို မြင်ရပါတယ်။ ကင်မရာ တစ်လုံးကို သီးခြားခွဲထုတ်ပြီး Ring ထဲမှာ ထည့်ထားပါတယ်။ ပါဝါနဲ့ အသံခလုတ်များကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ထည့်သွင်းထားပါတယ်။

မနေ့ကလည်း Redmi က ဝီဘိုကနေ သူ့မှာ 4000mAh Battery ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အရင်က ထွက်ခဲ့တဲ့ သတင်းအတိုင်းပဲ ဖြစ်ပါတယ်။ ဘက်ထရီအတွက် 27W အားအမြန်သွင်းစနစ်လည်း ပါလာမှာပါ။ Ultra-wide ကင်မရာနောက်တလုံး၊ 20MP Pop-up ရှေ့ကင်မရာ စတဲ့ အလန်းစားတွေ ပါလာနိုင်ပါတယ်။ တရားဝင် မြင်တွေ့ရဖို့ နောက်တပတ်လောက်ပဲ လိုတော့မှာပါ။

Redmi K20 စီးရီးမှာ ဖုန်းတလုံးတည်း မဟုတ်ဘဲ နှစ်လုံးဖြစ်နိုင်ပါတယ်။ အခု ခေတ်စားနေသလိုမျိုး ရိုးရိုးမော်ဒယ်တလုံးနဲ့ Pro မော်ဒယ်တလုံး ထုတ်မှာပါ။ Redmi K20 လို့ အမည်ပေးထားတဲ့ အဆိုပါဖုန်းကို မေလ ၂၈ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာ ဖြစ်ကြောင်း Redmi ကုမ္ပဏီက Weibo ကနေ တဆင့် မကြာခင်က ကြေညာထားပါတယ်။

Weibo မှာ တင်ထားခဲ့တဲ့ ပို့စ်အရ Redmi K20 မှာ 48MP ကင်မရာတလုံး ပါဝင်လာမှာဖြစ်ပြီး၊ Sony IMX586 sensor အသုံးပြုမှာဖြစ်တယ်လို့ Xiaomi တည်ထောင်သူ Lei Jun ကိုယ်တိုင်က မကြာခင်က အတည်ပြုပေးထားပါတယ်။

Redmi ဖုန်းတွေမှာ ပထမဆုံး Flagship ဖုန်းဖြစ်လာမယ့် K20 မှာ Snapdragon 855 Chipset ကို အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် Chipset အပြင်၊ Flagship အတန်းအစား ကင်မရာလည်း ပါလာမှာက Redmi ပရိတ်သတ်တွေအတွက် ရင်ခုန်စရာပါ။ “Flagship Killer” အသစ်ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ ဖုန်းဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အတွက် AMOLED Display, Gorilla Glass 6 နဲ့ မျက်နှာပြင်အောက် လက်ဗွေရာစနစ်တို့လို့ ပါဝင်လာဖို့ ရှိပါတယ်။

Ref : gsmarena

%d bloggers like this: