အလန်းစား Education Apps များ

ပညာ ခေတ်မှာ အတတ်ပညာ အသစ်များကို အစဉ်အမြဲ လေ့လာသင်ယူနေကြရပါတယ်။ အင်တာနက်ရဲ့ ကျေးဇူးကြောင့် အတတ်ပညာ အသစ်များကို သင်ကြားဖို့ သင်တန်းများ တက်စရာမလိုတော့ပါဘူး။ နေရာမရွေး အတတ်ပညာ အသစ်များကို လေ့လာနိုင်အောင် Android App များကို ဖန်တီးပေးထားကြပါတယ်။

၁။ ဘာသာစကား အသစ်များ သင်ကြားပါ။

Android Users များအတွက် ရွေးချယ်စရာ ဘာသာစကား သင်ကြားတဲ့ App များစွာ ရှိပါတယ်။ အဲဒီ App အများစုမှာ အဓိက ဘာသာစကားများဖြစ်တဲ့ အင်္ဂလိပ်၊ ဂျပန်၊ မန်ဒရင်း၊ ပြင်သစ်နဲ့ စပိန်တို့ကို သင်ကြားပေးပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ App များထဲမှ သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို ရွေးချယ်သုံးနိုင်ပါတယ်။

Memrise က ဂိမ်းအခြေပြု သင်ကြားပေးတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ ကမ္ဘာအဝန်းမှ ဘာသာစကားများစွာကို သူက ထောက်ပံ့ပါတယ်။

Mondly မှာ သင် ပြောတဲ့ စကားများကို နားလည်ပြီး အသံထွက်ကို စစ်ဆေးပေးတဲ့ စွမ်းရည်မြင့် Chat Bot ပါပါတယ်။ ဘာသာစကားတစ်ခုစီကို အထူးပြု၍ သင်ကြားပေးတဲ့ စနစ်ကို ကျင့်သုံးထားပါတယ်။

Duolingo က နာမည်ကြီး ဘာသာစကား သင်ကြားတဲ့ App ဖြစ်ပါတယ်။ သူက နေ့စဉ် လေ့ကျင့်ဖို့ သင့်ကို သတိပေးနိုင်ပါတယ်။ ဘာသာစကားများစွာကို သူက ထောက်ပံ့ပါတယ်။ သက်တမ်းကြာရင့်တဲ့ App တစ်ခု ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ Apps များကို အခမဲ့ အသုံးပြုနိုင်ပေမယ့် အချို့သင်ခန်းစာများကိုတော့ အခပေး သင်ကြားရမှာ ဖြစ်ပါတယ်။

Download

Memrise

Mondly

Duolingo

၂။ Code ရေးနည်း သင်ကြားပါ။

Software နဲ့ Web Developer ဖြစ်ချင်သူများအတွက် SoloLearn က ကုဒ်ရေးနည်း သင်ကြားပေးနိုင်ပါတယ်။ C#, JavaScript , SQL တို့လို နာမည်ကျော် ကွန်ပြူတာ ဘာသာစကားများကို လေ့လာနိုင်ပါတယ်။ Mondly လိုပဲ သူ့မှာ ဘာသာစကားတစ်ခုအတွက် အထူးပြု သင်ကြားပေးတဲ့ နည်းစနစ်ကို အသုံးပြုထားပါတယ်။ လွယ်ကူတဲ့ HTML လို ဘာသာစကားကနေ အဆင့်မြင့်တဲ့ ဘာသာစကားများကို သင်ကြားနိုင်ပါတယ်။

၃။ ဂီတ တူရိယာ တီးခတ်နည်း သင်ကြားပါ။

ဂီတ တူရိယာ တီးခတ်တာကို ဝါသနာပါသူများအတွက် Yousician က သင်ကြားပေးနိုင်ပါတယ်။ ဂစ်တာ၊ ဘေ့စ်၊ စန္ဒယား တီးခတ်နည်းများကို ပံ့ပိုးပေးထားပါတယ်။ Level များစွာ ပါပြီး သင့် အရည်အချင်းနဲ့ ကိုက်ညီတဲ့ အဆင့်ကနေ စတင် လေ့လာနိုင်ပါတယ်။ သူက သင် တီးခတ်တာကို နားထောင်နိုင်ပြီး ဝေဖန်မှုများ ပြုလုပ်ပေးနိုင်ပါတယ်။ တူရိယာများရဲ့ အသံထွက် မှန်ကန်အောင် ချိန်ညှိနိုင်ဖို့ ကူညီပေးမယ့် Tools များလည်း ပါပါတယ်။

Download

Yousician

၄။ လေ့ကျင့်ခန်း ပြုလုပ်နည်း သင်ကြားပါ။

ဒီနေ့ခေတ်မှာ လေ့ကျင့်ခန်း ပြုလုပ်နည်းများ သင်ကြားဖို့ သင်တန်းသွားစရာ မလိုတော့ပါဘူး။ Apps များက သင့်ကို သင်ကြားပေးနိုင်ပါပြီ။

FitStadium က နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ သန်မာစေတဲ့ လေ့ကျင့်ခန်းများကို အထူးပြုထားပါတယ်။ သင် လေ့ကျင့်ချင်တဲ့ ကိုယ်ခန္တာ အစိတ်အပိုင်းကို ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ တုန့်ပြန်မှုများကို အခြေခံ၍ FitStadium ကို ကောင်းသထက်ကောင်းအောင် ပြုလုပ်ပေးနေပါတယ်။

7 Minute Workout ဟာလည်း လူကြိုက်များတဲ့ App ဖြစ်ပါတယ်။ အားလပ်ချိန်နည်းတဲ့ လူများအတွက် ရတဲ့ အချိန်လေးမှာ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းများကို သူက သင်ပြပေးထားပါတယ်။ အချိန်အနည်းငယ်ပေးရုံဖြင့် ကျန်းမာတဲ့ ကိုယ်ခန္တာ ရရှိဖို့ သူက ကူညီပေးပါတယ်။

FitStadium

7 Minute Workout

၅။ အတတ်ပညာများစွာကို သင်ကြားပါ။

Udemy က အတတ်ပညာများစွာကို တစ်နေရာထဲကနေ သင်ကြားပေးနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ သူ့မှာ အတတ်ပညာရပ်ပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ အချို့ကိုတော့ အခပေး သင်ကြားရမှာဖြစ်ပေမယ့် အခမဲ့ သင်ခန်းစာများစွာရှိပါတယ်။ IT ကနေ ဓါတ်ပုံရိုက်ကူးတဲ့ အတတ်ပညာရပ်များအထိ အမျိုးအစားစုံလင်ပါတယ်။ Microsoft Excel လို ဆော့ဖ်ဝဲတစ်ခုအတွက် သင်ခန်းစာများတောင် ပါပါတယ်။

Udemy

ref : makeuseof

အလန်းစား Education Apps များ

%d bloggers like this: