



Download

Ref : androidpolice

[Unicode]

Mozilla ရဲ့ ပိုမြန်တဲ့ Fenix Browser

Mozilla ရဲ့ Android အတွက် ထုတ်ပေးထားတဲ့ Firefox Browser ဟာသိပ်ပြီး တိုးတက်လာခြင်း မရှိပါဘူး။ အဲဒီအတွက် ကုမ္ပဏီက Fenix Browser ကို ဖန်တီးနေပြီး သူ့မှာ ပိုမြန်တဲ့ အင်ဂျင်၊ ပိုကောင်းတဲ့ Tab Management နဲ့ မော်ဒန် ဒီဇိုင်းများ ပါပါတယ်။ အခုတော့ ကုမ္ပဏီက သူ့ရဲ့ Limited Beta Version ကို Play Store မှာ ဖြန့်ချီလိုက်ပါတယ်။

Firefox Preview လို့ အမည်ပေးထားပြီး Scroll ပြုလုပ်ရတာ ချောမွတ်ပါတယ်။ Navigation Bar က စကရင်ရဲ့ အောက်ခြေကို ရောက်သွားပါတယ်။ Menu ကို စကရင်ရဲ့ အထက်မှာ မြင်ရပါတယ်။ Google Chrome မှာလို URL Bar ကို ပွတ်ဆွဲပြီး Tab များကို ပြောင်းလဲကြည့်ရှုလို့ မရတာက အားနည်းချက်ပါ။ Tab Switcher Button ကို နှိပ်ပြီး Tab များကို ပြောင်းလဲကြည့်ရှုရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ Limited Beta Version ကို အသုံးပြုဖို့အတွက် Fenix Nightly Google Group မှာ Join ရမှာပါ။ ပြီးရင်တော့ Play Store ကနေ ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အောက်ပါလင့်ကနေ APKMirror Website မှာ ရယူနိုင်ပါတယ်။

Download

Ref : androidpolice

%d bloggers like this: