Microsoft က သူ႔ အြန္လိုင္းစတိုးကေန Huawei ရဲ႕ Laptop မ်ားကို ဖယ္ရွား

အေမရိကန္ အစိုးရက သူ႔ႏုိင္ငံမွ ကုမၸဏီမ်ားဟာ ဟြာေ၀းနဲ႔ အလုပ္ပူးေပါင္းလုပ္ကိုင္ျခင္းကို ရပ္နားဖို႔ ညႊန္ၾကားထားပါတယ္။ အခုေတာ့ မိုက္ကရိုေဆာ့ဖ္လည္း ပါ၀င္လာပါၿပီ။ မိုက္ကရိုေဆာ့ဖ္က Windows OS အသံုးျပဳခြင့္ကို ဟြာေ၀းအား ပိတ္ပင္မလားဆိုတာကိုေတာ့ မေျပာေသးပါဘူး။ ဒါေပမယ့္ ကုမၸဏီက သူ႔ရဲ႕ အြန္လိုင္းစတိုးကေန Huawei MateBook X Pro အား ဖယ္ရွားလိုက္ပံုေပၚပါတယ္။

Huawei MateBook X Pro ဟာ လက္ရွိ အေမရိကန္ ေစ်းကြက္ထဲက အေကာင္းဆံုး ၀င္းဒိုး လက္ပ္ေတာ့တစ္လံုး ျဖစ္ပါတယ္။ ဒါေပမယ့္ ၀င္းဒိုး လိုင္စင္ မရွိရင္ ဘာမွလုပ္လို႔ မရေတာ့ပါဘူး။ မၾကာေသးခင္ကမွ MateBook X Pro ဟာ မိုက္ကရိုေဆာ့ဖ္ရဲ႕ အြန္လိုင္းစတိုးကေန ေပ်ာက္သြားတာပါ။ စတိုးမွာ Huawei လို႔ စာရိုက္ရွာရင္လည္း ဘာထုတ္ကုန္မွ မျမင္ရေတာ့ပါဘူး။ Microsoft ရဲ႕ ေျမျပင္စတိုးမ်ားမွာေတာ့ လက္က်န္ MateBook X Pro Laptop မ်ားကို ေရာင္းခ်ေပးေနတယ္လို႔ The Verge က ေျပာပါတယ္။

မိုက္ကရိုေဆာ့ဖ္ကသာ ၀င္းဒိုး အသံုးျပဳမႈအား ပိတ္ပင္မယ္ဆိုရင္ ဟြာေ၀းရဲ႕ ဆာဗာလုပ္ငန္းကိုပါ ထိခိုက္မွာပါ။ Microsoft အသိအမွတ္ျပဳ Huawei Servers မ်ားကို အသံုးျပဳၿပီး မိုက္ကရိုေဆာ့ဖ္နဲ႔ ဟြာေ၀းတို႔ဟာ မိုက္ကရိုေဆာ့ဖ္ရဲ႕ Azure Stack အတြက္ Hybrid Cloud Solution ကို အတူတကြ လုပ္ေနတာပါ။

ဟြာေ၀းက သူ႔ ဖုန္းမ်ားအတြက္ ပေရာ္ဆက္ဆာနဲ႔ မိုဒမ္မ်ားကို ကိုယ္တိုင္ ထုတ္ေနေပမယ့္ သူ႔လက္ပ္ေတာ့မ်ားအတြက္ Server Chips နဲ႔ Processor မ်ားကို Intel က ထုတ္ေပးေနတာပါ။ Intel က အဲဒီ ေထာက္ပံ့မႈေတြကိုလည္း ရပ္နားေတာ့မွာပါ။ ဟြာေ၀းက ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္းမွာ Windows နဲ႔ Android ႏွစ္ခုစလံုးအတြက္ အစားထိုး ထုတ္ကုန္မ်ားကို ဖန္တီးေနခဲ့တာပါ။ ဟြာေ၀းရဲ႕ ထုတ္ကုန္ အသစ္ေတြကို ေစာင့္ၾကည့္ရမွာပါ။

Ref : theverge

[Unicode]

Microsoft က သူ့ အွန်လိုင်းစတိုးကနေ Huawei ရဲ့ Laptop များကို ဖယ်ရှား

အမေရိကန် အစိုးရက သူ့နိုင်ငံမှ ကုမ္ပဏီများဟာ ဟွာဝေးနဲ့ အလုပ်ပူးပေါင်းလုပ်ကိုင်ခြင်းကို ရပ်နားဖို့ ညွှန်ကြားထားပါတယ်။ အခုတော့ မိုက်ကရိုဆော့ဖ်လည်း ပါဝင်လာပါပြီ။ မိုက်ကရိုဆော့ဖ်က Windows OS အသုံးပြုခွင့်ကို ဟွာဝေးအား ပိတ်ပင်မလားဆိုတာကိုတော့ မပြောသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီက သူ့ရဲ့ အွန်လိုင်းစတိုးကနေ Huawei MateBook X Pro အား ဖယ်ရှားလိုက်ပုံပေါ်ပါတယ်။

Huawei MateBook X Pro ဟာ လက်ရှိ အမေရိကန် ဈေးကွက်ထဲက အကောင်းဆုံး ဝင်းဒိုး လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်းဒိုး လိုင်စင် မရှိရင် ဘာမှလုပ်လို့ မရတော့ပါဘူး။ မကြာသေးခင်ကမှ MateBook X Pro ဟာ မိုက်ကရိုဆော့ဖ်ရဲ့ အွန်လိုင်းစတိုးကနေ ပျောက်သွားတာပါ။ စတိုးမှာ Huawei လို့ စာရိုက်ရှာရင်လည်း ဘာထုတ်ကုန်မှ မမြင်ရတော့ပါဘူး။ Microsoft ရဲ့ မြေပြင်စတိုးများမှာတော့ လက်ကျန် MateBook X Pro Laptop များကို ရောင်းချပေးနေတယ်လို့ The Verge က ပြောပါတယ်။

မိုက်ကရိုဆော့ဖ်ကသာ ဝင်းဒိုး အသုံးပြုမှုအား ပိတ်ပင်မယ်ဆိုရင် ဟွာဝေးရဲ့ ဆာဗာလုပ်ငန်းကိုပါ ထိခိုက်မှာပါ။ Microsoft အသိအမှတ်ပြု Huawei Servers များကို အသုံးပြုပြီး မိုက်ကရိုဆော့ဖ်နဲ့ ဟွာဝေးတို့ဟာ မိုက်ကရိုဆော့ဖ်ရဲ့ Azure Stack အတွက် Hybrid Cloud Solution ကို အတူတကွ လုပ်နေတာပါ။

ဟွာဝေးက သူ့ ဖုန်းများအတွက် ပရော်ဆက်ဆာနဲ့ မိုဒမ်များကို ကိုယ်တိုင် ထုတ်နေပေမယ့် သူ့လက်ပ်တော့များအတွက် Server Chips နဲ့ Processor များကို Intel က ထုတ်ပေးနေတာပါ။ Intel က အဲဒီ ထောက်ပံ့မှုတွေကိုလည်း ရပ်နားတော့မှာပါ။ ဟွာဝေးက ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ Windows နဲ့ Android နှစ်ခုစလုံးအတွက် အစားထိုး ထုတ်ကုန်များကို ဖန်တီးနေခဲ့တာပါ။ ဟွာဝေးရဲ့ ထုတ်ကုန် အသစ်တွေကို စောင့်ကြည့်ရမှာပါ။

Ref : theverge

%d bloggers like this: