0 Shares 164 Views

Face Recognition နည္းပညာနဲ႔ ေလဆိပ္မွာ အေယာင္ေဆာင္သူကို ဖမ္းမိ

May 21, 2019
0 164

၀ါရွင္တန္ ဒီစီ အနီးမွ ေလဆိပ္တစ္ခုမွာ တပ္ဆင္ထားတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာက စာရြက္စာတမ္း အတုမ်ားျဖင့္ အျခားလူ အေယာင္ေဆာင္ထားသူကို ဖမ္းမိခဲ့တယ္လို႔ US Customs and Border Protection က ေၾကညာလိုက္ပါတယ္။ အခင္း ျဖစ္ပြားတဲ့ ေလဆိပ္က Washington Dulles International Airport ျဖစ္ပါတယ္။

တရားခံဟာ ဘရာဇီးႏုိင္ငံ ဆာအုိေပၚလိုကေန ေလယာဥ္ စီးနင္းလာတာ ျဖစ္ၿပီး သူ႔ရဲ႕ ID အျဖစ္ ျပင္သစ္ ပတ္စ္ပို႔တ္ကို သံုးထားတာပါ။ ဒါေပမယ့္ မ်က္ႏွာ အာရံုခံ နည္းပညာက အဲဒီလူရဲ႕ မ်က္နွာဟာ Passport Photo နဲ႔ မတူညီဘူးဆိုတာကို စစ္ေဆးေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္မွာ တာ၀န္ရွိသူမ်ားဟာ သူ႔ကို ရွာေဖြခဲ့ၿပီး သူ႔ရဲ႕ တကယ့္ ID Card ဟာ ကြန္ဂို ႏုိင္ငံကဆုိတာကို သိခဲ့ရပါတယ္။ သူဟာ ပတ္စ္ပို႔တ္ကို ရွဴးဖိနပ္ထဲမွာ ဖြက္ထားခဲ့တာပါ။

မ်က္ႏွာအာရံုခံ နည္းပညာကို ၿပီးခဲ့တဲ့ တနလၤာေန႔ကမွ တပ္ဆင္ခဲ့တာ ျဖစ္ၿပီး ဒါဟာ အေမရိကန္ထဲကို တရားမ၀င္ ၀င္ေရာက္လာသူမ်ားအား ပထမဆံုး ေဖာ္ထုတ္ႏိုင္ခဲ့တဲ့ အမႈ ျဖစ္ပါတယ္။ စာရြက္စာတမ္း အတုမ်ားျဖင့္ ႏုိင္ငံထဲကို ၀င္ေရာက္လာသူမ်ားအား ဖမ္းဆီးဖို႔အတြက္ အေမရိကန္မွာ အဲဒီ နည္းပညာ ထည့္သြင္းထားတဲ့ ေလဆိပ္ေပါင္း ၁၄ ခု ရွိေနပါၿပီ။

Dulles Airport ဟာ ၂၀၁၅ ခုႏွစ္ ကတည္းက အဲဒီ နည္းပညာကို စမ္းသပ္ေနတာ ျဖစ္ပါတယ္။ နယူးေယာက္မွ JFK Airport မွာ ၂၀၁၆ ခုႏွစ္ကစၿပီး စမ္းသပ္ခဲ့ပါတယ္။ US Customs and Border Protection က အနာဂတ္မွာ Boarding Passes မ်ား၊ ID Documents မ်ား အစား ခရီးသြားမ်ားရဲ႕ ID မ်ားကို စစ္ေဆးဖို႔ Biometric မ်ားကို အသံုးျပဳမယ္လို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

Face Recognition နည်းပညာနဲ့ လေဆိပ်မှာ အယောင်ဆောင်သူကို ဖမ်းမိ

ဝါရှင်တန် ဒီစီ အနီးမှ လေဆိပ်တစ်ခုမှာ တပ်ဆင်ထားတဲ့ မျက်နှာ အာရုံခံ နည်းပညာက စာရွက်စာတမ်း အတုများဖြင့် အခြားလူ အယောင်ဆောင်ထားသူကို ဖမ်းမိခဲ့တယ်လို့ US Customs and Border Protection က ကြေညာလိုက်ပါတယ်။ အခင်း ဖြစ်ပွားတဲ့ လေဆိပ်က Washington Dulles International Airport ဖြစ်ပါတယ်။

တရားခံဟာ ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုကနေ လေယာဉ် စီးနင်းလာတာ ဖြစ်ပြီး သူ့ရဲ့ ID အဖြစ် ပြင်သစ် ပတ်စ်ပို့တ်ကို သုံးထားတာပါ။ ဒါပေမယ့် မျက်နှာ အာရုံခံ နည်းပညာက အဲဒီလူရဲ့ မျက်နှာဟာ Passport Photo နဲ့ မတူညီဘူးဆိုတာကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ တာဝန်ရှိသူများဟာ သူ့ကို ရှာဖွေခဲ့ပြီး သူ့ရဲ့ တကယ့် ID Card ဟာ ကွန်ဂို နိုင်ငံကဆိုတာကို သိခဲ့ရပါတယ်။ သူဟာ ပတ်စ်ပို့တ်ကို ရှူးဖိနပ်ထဲမှာ ဖွက်ထားခဲ့တာပါ။

မျက်နှာအာရုံခံ နည်းပညာကို ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ တပ်ဆင်ခဲ့တာ ဖြစ်ပြီး ဒါဟာ အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်လာသူများအား ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့ အမှု ဖြစ်ပါတယ်။ စာရွက်စာတမ်း အတုများဖြင့် နိုင်ငံထဲကို ဝင်ရောက်လာသူများအား ဖမ်းဆီးဖို့အတွက် အမေရိကန်မှာ အဲဒီ နည်းပညာ ထည့်သွင်းထားတဲ့ လေဆိပ်ပေါင်း ၁၄ ခု ရှိနေပါပြီ။

Dulles Airport ဟာ ၂၀၁၅ ခုနှစ် ကတည်းက အဲဒီ နည်းပညာကို စမ်းသပ်နေတာ ဖြစ်ပါတယ်။ နယူးယောက်မှ JFK Airport မှာ ၂၀၁၆ ခုနှစ်ကစပြီး စမ်းသပ်ခဲ့ပါတယ်။ US Customs and Border Protection က အနာဂတ်မှာ Boarding Passes များ၊ ID Documents များ အစား ခရီးသွားများရဲ့ ID များကို စစ်ဆေးဖို့ Biometric များကို အသုံးပြုမယ်လို့ ပြောပါတယ်။

Ref : theverge

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category