48MP Camera ပါတဲ့ Redmi Note 7S ကို ကြေညာပြီ

Redmi Note 7 နဲ့ Redmi Note 7 Pro တို့ အပြီးမှာ ရှောင်မီက Redmi Note 7S ကို ကြေညာလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာပါတယ်။ သူ့မှာ ၆.၃ လက်မ FHD+ Display ပါပြီး အရွယ်သေး Notch တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ ဘေးဘက်များကို အလူမီနီယမ်နဲ့ ကွပ်ထားပါတယ်။ Qualcomm Snapdragon 660 Processor မောင်းနှင်ထားပါတယ်။

သူ့အတွက် 3 or 4GB RAM နဲ့ 32 or 64GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 48MP Camera နဲ့ အတူ 5MP Depth Sensor ကို ပူးတွဲထားပါတယ်။ Night Mode နဲ့ HDR များက အလင်းရောင်နည်းပါးချိန်များမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်ပါတယ်။
Quick Charge 4.0 ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ 18W Fast Charging ကို ထောက်ပံ့ပါတယ်။ Android 9.0 Pie အခြေပြု MIUI 10 ထည့်သွင်းထားပါတယ်။ IR Blaster , 3.5mm Headphone Jack များ ပါပါတယ်။ ရေစက်ရေပေါက်များကို ခံနိုင်တဲ့ အလွှာတစ်ခု ထည့်သွင်းထားပါတယ်။

Redmi Note 7S အတွက် Onyx Black , Sapphire Blue နဲ့ Ruby Red အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 3/32GB Model ကို ၁၅၈ ဒေါ်လာနဲ့ 4/64GB Model ကို ၁၈၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မေလ ၂၃ ရက်မှာ ရှောင်မီရဲ့ ဝက်ဘ်ဆိုက်နဲ့ Flipkart တို့ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena

48MP Camera ပါတဲ့ Redmi Note 7S ကို ကြေညာပြီ

%d bloggers like this: