Yuneec က Mantis Q အမည်ရ Consumer Drone အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ စွမ်းရည်များစွာ ပါပြီး ဒေါ်လာ ၅၀၀ တန်ကြေးရှိပါတယ်။ သူ့မှာ 4K Video များ ရိုက်ကူးနိုင်တဲ့ ကင်မရာ ပါပါတယ်။ အသံအမိန့်ဖြင့်လည်း သူ့ကို ထိန်းချုပ်နိုင်ပါတယ်။ သူက ပိုင်ရှင်ရဲ့ မျက်နှာကိုလည်း အာရုံခံနိုင်ပါတယ်။
သူက အမြန်ဆုံး အနေဖြင့် တစ်နာရီလျှင် ၄၄ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၃၃ မိနစ် ပျံသန်းနိုင်ပါတယ်။ ၁ ပေါင် အလေးချိန်ရှိပြီး ခေါက်ချိုး၍ ကျောပိုးအိတ်ထဲထည့်သွားနိုင်ပါတယ်။ မိသားစုများ၊ ဓါတ်ပုံသမားများအတွက် သင့်တော်ပါတယ်။
သူ့မှာ အလိုအလျှောက် မောင်းနှင်တဲ့ Mode သုံးခုရှိပါတယ်။ သတ်မှတ်ထားတဲ့ နေရာကို တည့်တည့် ပျံသန်းတဲ့ Journey Mode ၊ အရာဝတ္ထုတစ်ခုကို ပတ်၍ ပျံသန်းတဲ့ Point of Interest နဲ့ စတင် ထွက်ခွာရာ နေရာကို အလိုအလျှောက် ပြန်လာတဲ့ Return to Home တို့ ဖြစ်ပါတယ်။
သူက လူများရဲ့ မျက်နှာကိုလည်း အာရုံခံနိုင်ပါတယ်။ ၁၃ ပေ အမြင့်ကနေ လူများရဲ့ မျက်နှာများ ပါအောင် ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ လက်ဝှေ့ယမ်းပြလိုက်ရင်လည်း သူက ဓါတ်ပုံ ရိုက်ပေးမှာပါ။ နောက်တစ်နည်းက “ Take A Selfie “ လို့ ပါးစပ်က ပြောလိုက်ရုံပါပဲ။ Mantis Q ဟာ DJI ရဲ့ ဒေါ်လာ ၄၀၀ တန် Spark လို Consumer Drone ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူဟာ ဒေါ်လာ ၁၀၀ ပိုမို ဈေးများပေမယ့် ပျံသန်းချိန်ဟာ ၃ ဆ ပိုမိုကြာပြီး Voice Control များ ပါပါတယ်။ စက်တင်ဘာလမှာ စတင် ရောင်းချမှာပါ။
Ref : theverge
4K Video များရိုက်ကူးပေးနိုင်တဲ့ Drone ကို Yuneec ပြသ