Android ရဲ့ အသုံးဝင် Tips တွေ

သင့်ရဲ့ Android Phone ဟာ ဖုန်းပြောဖို့အတွက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ စွမ်းရည်မြင့် အိတ်ဆောင် ကွန်ပြူတာငယ်လေးများ ဖြစ်လာကြပါပြီ။ စွမ်းရည်မြင့် Launcher များ၊ Apps များ၊ LED Notifications များ၊ Gesture Controls များ၊ Icon Packs များဟာ သင့် Android Device ရဲ့ စွမ်းဆောင်ချက်များကို တိုးမြှင့်ပေးနိုင်ပါတယ်။

Google Now on Tap ကို သုံးပါ။

Android Marshmallow မှာ Google Now on Tap ကို မိတ်ဆက်ခဲ့ပါတယ်။ သူက ဖုန်းစကရင်မှ အရာများအတွက် သတင်းအချက်အလက်များကို ပြသပေးပါတယ်။ အဲဒီအတွက် သုံးနေတဲ့ App ကို ပိတ်ပြီး ဘရောက်စာကနေ သတင်းအချက်အလက်များ ရှာဖွေဖို့ မလိုတော့ပါဘူး။ သုံးနေတဲ့ App ထဲမှာပဲ သူက Pop-Up Window ဖြင့် သတင်းအချက်အလက်များကို ပြသပေးမှာပါ။ ဥပမာအားဖြင့် App တစ်ခုကို သုံးနေရင်းကနေ စကားလုံးတစ်ခု ၊ စကားစုတစ်ခုကို Select လုပ်လိုက်ရင် Google Now on Tap က Pop-Up Window ဖြင့် သတင်းအချက်အလက်ကို ပြသပေးမှာပါ။ Google Settings App> Search & Now > Voice ထဲသွားပြီး Now on Tap ကို Enable လုပ်ပေးပါ။

ဘက်ထရီ ချွေတာတဲ့ စွမ်းဆောင်ချက်ကို သုံးပါ။

Android ဖုန်းတွေရဲ့ ဘက်ထရီကို အဓိက စားသုံးနေတာက Screen Brightness ဖြစ်ပါတယ်။ Android ဖုန်းတွေမှာ ပတ်ဝန်းကျင်ရဲ့ အလင်းရောင် အပေါ် မူတည်ပြီး Screen Brightness ကို ချိန်ညှိပေးတဲ့ Ambient Display or Adaptive Brightness စွမ်းဆောင်ချက် ပါပါတယ်။ ဒီစွမ်းဆောင်ချက်က Sensor ကို သုံးပြီး ပတ်ဝန်းကျင်မှ အလင်းရောင်ကို တွက်ချက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ တွက်ချက်မှုဟာ တိကျမှု သိပ်မရှိပါဘူး။ ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ လိုက်ဖက်တဲ့ Brightness ကို ကိုယ်တိုင်ချိန်ညှိတာ အကောင်းဆုံးပါ။ ဒီစွမ်းဆောင်ချက်ကို Settings> Display ထဲမှာ ပိတ်နိုင်ပါတယ်။ Screen Brightness ကို တတ်နိုင်သလောက် အနည်းဆုံးထားခြင်းက ဘက်ထရီသက်တမ်းကို တိုးမြှင့်စေပါတယ်။

ဘက်ထရီ သက်တမ်း တိုးမြှင့်ပေးတဲ့ နောက်ထပ ်စွမ်းဆောင်ချက်က Battery Saver ဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်သူ အားလုံးနီးပါးက သူတို့ရဲ့ ဖုန်းတွေမှာ ဒီစွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားကြပါတယ်။ Settings သို့မဟုတ် Quick Settings ထဲမှာ Battery Saver Function ကို ရှာပြီး သုံးနိုင်ပါတယ်။

Google Now ကို အချိန်တိုင်း သုံးနိုင်အောင် သတ်မှတ်ပါ။

Google Now ဟာ သင်ပါးစပ်ကနေ ပြောပြီး ခိုင်းနိုင်တဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ဖြစ်ပါတယ်။ မှတ်စုများ မှတ်ခြင်း၊ Apps များ ဖွင့်ခြင်း၊ ရာသီဥတု သတင်းအချက်အလက်များမေးခြင်း၊ အချိန်မေးခြင်း၊ အင်တာနက်မှာ ရှာဖွေခြင်း၊ သီချင်းဖွင့်ခိုင်းခြင်း စသဖြင့် သူ့ကိုု ခိုင်းနိုင်တဲ့ အလုပ်များစွာ ရှိပါတယ်။ ဖုန်းကို လက်နဲ့ ကိုင်စရာ မလိုဘဲတောင် အလုပ်လုပ်များ လုပ်ခိုင်းနိုင်ပါတယ်။ Google Now ကို ဆင့်ခေါ်ဖို့ “ Ok Google “ လို့ ပြောလိုက်ရုံပါပဲ။ အခြား App များကို သုံးနေရင်းကတောင် Google Now ကို ဆင့်ခေါ်နိုင်ဖို့အတွက် Google Settings App> Search and Now > Voice > Ok Google Detection ထဲသွားပြီး Always On ကို ရွေးပေးပါ။

Android Device Manager ကို Set Up လုပ်ပါ။

Android Device Manager ကို Set Up လုပ်ထားရင် သင့်ဖုန်းပျောက်ရင် မြေပုံပေါ်ကနေ ရှာဖွေနိုင်ပါတယ်။ အဝေးကနေ ဖုန်းကို Lock လုပ်ခြင်း၊ Ring သံမြည်ခိုင်းခြင်း၊ သင့် ကိုယ်ရေးကိုယ်တာ ဒေတာများ ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ Lock Screen Message ပေးပို့ပြီး ကောက်ရထားသူကို သင့်အား ဆက်သွယ်နိုင်မယ့် သတင်းအချက်အလက်ပေးနိုင်ပါတယ်။ သူ့ကို Set Up လုပ်ဖို့ Google Settings App > Security ထဲသွားပါ။ “ Remotely locate this device” နဲ့ “ Allow remote lock and erase “ မှာ On ပေးပါ။

နောက်ပြီး Phone Settings> Security > Device Administrator ထဲမှာ Android Device Manager ကို On ပေးပါ။

Android ရဲ့ အသုံးဝင် Tips တွေ

%d bloggers like this: