Google Pixel 4 မှာ Physical Button များ ပါမှာ မဟုတ်

Google ရဲ့ ပထမဆုံး Gesture အခြေပြု Navigation System ပါတဲ့ Android 9 Pie ကို ဖြန့်ချီပေးထားပတယ်။ သူ့ကို ထည့်သွင်းထားတဲ့ ဖုန်းများမှာ Software or Hardware Nvigation Buttons များအစား Gesture အခြေပြု Navigation စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် Pixel 4 Physical Button များ ပါမှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။ Software Navigation Buttons များ မပါဘဲ Gesture များကိုသာ အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။

ဒီသတင်းကို Google ရဲ့ UX Manager ဖြစ်သူ EK Chung က Android Central နဲ့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်တာပါ။ စကရင်ရဲ့ အောက်ခြေ အလယ်မှာ ဆေးလုံး ပုံသဏ္ဍာန် ဆော့ဖ်ဝဲ ခလုတ်တစ်ခုပါလာမှာပါ။ လိုအပ်တဲ့ အခါမှသာ ပြသပေးတဲ့ Back Button ဟာ သူ့ရဲ့ ဘေးမှာ ရှိနေမှာပါ။

ဖုန်းရဲ့ စကရင်မှာ ပြသထားတဲ့ သတင်းအချက်အလက်များအရ သူ့ရဲ့ နာမည်ပြောင်မှာ Crosshatch ဖြစ်ပြီး 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ သူ့အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။ အခြား သတင်းအချက်အလက်များကတော့ ယခင်သတင်းများနဲ့ တူညီနေပါတယ်။

သူ့မှာ အရွယ်ကြီးမားတဲ့ Notch ထည့်သွင်းထားတာက အရှေ့ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။

Ref : gsmarena

Google Pixel 4 မှာ Physical Button များ ပါမှာ မဟုတ်

%d bloggers like this: