Redmi Note 7S ရဲ့ ဓါတ်ပုံကို ပြသ

Redmi က 48MP Camera ပါတဲ့ Note 7S ရဲ့ သတင်းအချက်အလက်များကို မျှဝေနေပါတယ်။ မကြာခင်ကလည်း အဲဒီ စမတ်ဖုန်းကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို မျှဝေခဲ့ပါတယ်။ အခုလည်း Redmi ရဲ့ ဒုတိယ ဥက္ကဌ Manu Kumar Jain က သူ့ရဲ့ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ သူ့အတွက် အနီရောင် မော်ဒယ်ကို ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 48MP Camera နဲ့အတူ 5MP Depth Sensor ကို ထည့်သွင်းပေးထားပါတယ်။

Redmi Note 7S ကို အိန္ဒိယမှာ မေလ ၂၀ ရက်နေ့တွင် ကြေညာမယ်လို့ ကုမ္ပဏီက တွစ်တာမှာ မကြာခင်က ပို့စ်တင်လိုက်ပါတယ်။ သူ့မှာ 48MP Camera ပါမယ်လို့လည်း အတည်ပြုထားပါတယ်။ Redmi Note 7S ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုလည်း ကုမ္ပဏီက မျှဝေထားပါတယ်။

Redmi Note 7 နဲ့ Note 7 Pro ဟာ အိန္ဒိယမှာ ရောင်းအားကောင်းနေပါတယ်။့ Redmi India က အဲဒီ စမတ်ဖုန်း နှစ်လုံးကို စတင် ရောင်းချပြီး နှစ်လအကြာမှာ အလုံးရေ ၂ သန်း ကျော်ရောင်းချနိုင်ခဲ့တယ်လို့ တွစ်တာမှာ မကြာခင်က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့လကလည်း အိန္ဒိယမှာ ၁ လအတွင်း Xiaomi Redmi Note 7 နဲ့ Note 7 Pro အလုံးပေါင်း ၁ သန်း ရောင်းချရတယ်လို့ ကြေညာခဲ့ပါတယ်။ ရှောင်မီက အဲဒီ ဖုန်းများကို တိုးချဲ့ထုတ်လုပ်နေပြီး နောက်ထပ် သန်းပေါင်းများစွာ ရောင်းပေးမယ်လို့ ပြောပါတယ်။ Redmi က သူ့ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် ဖုန်းကိုလည်း ထုတ်လုပ်ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Redmi Note 7 ရဲ့ အကြမ်းခံမှုကို စမ်းသပ်ထားတဲ့ ဗီဒီယိုများ ထွက်ခဲ့ဖူးပါတယ်။ မကြာခင်ကလည်း သူ့ကို အာကာသကို လွှင့်တင်ပြီး ကမ္ဘာမြေကို ပြန်ကျလာတာတောင် ခြစ်ရာ မထင်ကြောင်းကို ကုမ္ပဏီက ပြသခဲ့ပါတယ်။ ဖုန်းဟာ အမြင့်မီတာ ၃၁ ၀၀၀ မှာ ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသေးတယ်။

Ref : techradar

Redmi Note 7S ရဲ့ ဓါတ်ပုံကို ပြသ

%d bloggers like this: