0 Shares 33 Views


May 17, 2019
0 33





Ref : theverge

[Unicode]

Shoe ဖိနပ်မှ အနံ့ဆိုးများကို ပျောက်အောင်လုပ်ပေးမယ့် ကိရိယာ

ခြေအိတ် မဝတ်သူများ၊ ခြေထောက် အနံ့အသက် မကောင်းသူများရဲ့ ရှူးဖိနပ်များမှာ အနံ့ဆိုးများ ကပ်ညိနေတတ်ပါတယ်။ အခုတော့ Panasonic က ရှူးဖိနပ်ရဲ့ အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်တဲ့ Shoe Deodorizer တစ်ခုကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ MS-DS100 ဖြစ်းပြီး သူဟာ Zany “ Nanoe” နည်းပညာကို အသုံးပြု၍ အနံ့ဆိုးများကို စုပ်ယူတာလို့ သိရပါတယ်။

ကိရိယာကို ပလက်ပေါက်မှာ တပ်ဆင်ပြီး သူ့ရဲ့ မျက်နှာပြင်ကို ရှူးဖိနပ်ရဲ့ အပေါက်ဝမှာ ကပ်ထားရမှာ ဖြစ်ပါတယ်။ ကိရိယာက အဲဒီနောက်မှာ ရှူးဖိနပ်ထဲသို့ လျှပ်စစ်စွမ်းအင်ပါတဲ့ မော်လီကျူးများကို ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ မော်လီကျူးများက ဖိနပ်ရဲ့ ဒြပ်ထုများထဲသို့ စီးဝင်သွားပြီး အနံ့ဆိုးများ ဖြစ်စေတဲ့ အရာများကို ဖျက်ဆီးပေးတာ ဖြစ်ပါတယ်။

ကိရိယာမှာ Mode ၂ ခု ပါပါတယ်။ Normal နဲ့ Long Mode များဖြစ်ပြီး ငါးနာရီနဲ့ ၇ နာရီကြာ အသီးသီး အလုပ်လုပ်ပါတယ်။ Panasonic က အနံ့အရမ်းဆိုးနေချိန်မှာ Long Mode ကို အသုံးပြုဖို့ ကုမ္ပဏီက အကြံပေးထားပါတယ်။ ကုမ္ပဏီက ယခင်နှစ်ကလည်း အဝတ်အစားများရဲ့ အနံ့ဆိုးများကို ဖယ်ရှားပေးတဲ့ ကိရိယာကိုလည်း ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။

ယခုကိရိယာကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဂျပန်တွင် ရောင်းချမှာပါ။ သူ့ရဲ့ ဈေးနှုန်းကို ကုမ္ပဏီက မပြောသေးပါဘူး။ အဝတ်အစားများရဲ့ အနံ့ဆိုးများကို ဖယ်ရှားပေးတဲ့ ကိရိယာကိုတော့ အမေဇုန်မှာ ၁၈၀ ဒေါ်လာနဲ့ ရောင်းချပေးနေပါတယ်။

Ref : theverge

You may be interested

Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်
Android, Huawei, HUBS
0 shares0 views

Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်

Ko Thuya - May 22, 2019

Huawei ရဲ့ စီးပွားရေး လုပ်ငန်းစုမှ စီအီးအို ဖြစ်သူ Richard Yu က ကုမ္ပဏီရဲ့ ကိုယ်ပိုင် Mobile OS ကို ဆောင်းရာသီ မတိုင်ခင်မှာ ဖြန့်ချီပေးမယ်လို့ ပြောကြောင်း သတင်းထွက်လာပါတယ်။ ဟွာဝေးကတော့ OS ကို ဖြန့်ချီမယ့်…

48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ
Android, Huawei, HUBS
0 shares0 views

48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ

Ko Thuya - May 22, 2019

Honor က အလန်းစား ကင်မရာများ ပါတဲ့ Honor 20 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ 48MP Main Camera ဟာ လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံး Aperture ကို ပိုင်ဆိုင်ထားပါတယ်။ OIS နဲ့ EIS…

အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ
Android, Huawei, HUBS
0 shares16 views

အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးခြားဆန်းသစ်အောင်ပြုလုပ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဘရန်းခွဲ Honor ကလည်း ဒီလမ်းစဉ်ကိုလိုက်လာပါတယ်။ ကုမ္ပဏီက အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 နဲ့ Honor 20 Pro တို့ကို ကြေညာလိုက်ပါတယ်။…

Leave a Comment

Most from this category