0 Shares 132 Views


May 17, 2019
0 132





Ref : gsmarena

[Unicode]

Huawei Mate 20 X (5G) ကို ကြေညာပြီ

Huawei Mate 20 X (5G) ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူဟာ ယခင်ကြေညာထားတဲ့ Mate 20 X ရဲ့ 5G Model ပါ။ 5G Model မှာ 5G Modem ထည့်သွင်းထားပြီး ဘက်ထရီ အနည်းငယ် သေးသွားတာကလွဲရင် အခြား အစိတ်အပိုင်းများ အားလုံးက တူညီကြပါတယ်။

Huawei Mate 20 X (5G) မှာ 4200mAh Battery ပါပြီး မူလ Mate 20 X ရဲ့ 5000mAh Battery ထက် 800mAh လျော့နည်းသွားပါတယ်။ 5G Model မှာ ကမ္ဘာ့ ပထမဆုံး 7nm 5G Multi-mode Chip ပါတဲ့ Balong 5000 Modem နဲ့အတူ Kirin 980 Chipset ထည့်သွင်းထားပါတယ်။ M-Pen Stylus ကို ထောက်ပံ့ပြီး 4096 Pressure Level ကို ပံ့ပိုးပေးပါတယ်။

အခြား Specs များက တူညီကြပါတယ်။ ၇.၂ လက်မ မျက်နှာပြင် ပါပြီး အအေးပေး စနစ် ထည့်သွင်းထားပါတယ်။ အဲဒီအတွက် နာရီပေါင်းများစွာ ဂိမ်းကစားဖို့ အဆင်ပြေပါတယ်။ 6GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ ဒီဇိုင်း အပိုင်းမှာ သူဟာ Mate 20 နဲ့ တူပြီး Teardrop Notch ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ သုံးလုံး ထည့်သွင်းထားပါတယ်။ 40MP Main +20MP Ultra-wide + 8MP Optical Zoom Telephoto များ ပါပါတယ်။ Android 9 Pie အခြေပြု EMUI 9 ပါပါတယ်။ ဗြိတိန်မှာ ဇွန်လမှာ ရောင်းမှာပါ။ Emerald Green ကို စတာလင်ပေါင် ၉၉၉ သတ်မှတ်ထားပါတယ်။ 5G မဟုတ်တဲ့ မော်ဒယ်ကို စတာလင်ပေါင် ၇၅၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena

You may be interested

Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်
Android, Huawei, HUBS
0 shares0 views

Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်

Ko Thuya - May 22, 2019

Huawei ရဲ့ စီးပွားရေး လုပ်ငန်းစုမှ စီအီးအို ဖြစ်သူ Richard Yu က ကုမ္ပဏီရဲ့ ကိုယ်ပိုင် Mobile OS ကို ဆောင်းရာသီ မတိုင်ခင်မှာ ဖြန့်ချီပေးမယ်လို့ ပြောကြောင်း သတင်းထွက်လာပါတယ်။ ဟွာဝေးကတော့ OS ကို ဖြန့်ချီမယ့်…

48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ
Android, Huawei, HUBS
0 shares23 views

48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ

Ko Thuya - May 22, 2019

Honor က အလန်းစား ကင်မရာများ ပါတဲ့ Honor 20 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ 48MP Main Camera ဟာ လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံး Aperture ကို ပိုင်ဆိုင်ထားပါတယ်။ OIS နဲ့ EIS…

အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ
Android, Huawei, HUBS
0 shares25 views

အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးခြားဆန်းသစ်အောင်ပြုလုပ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဘရန်းခွဲ Honor ကလည်း ဒီလမ်းစဉ်ကိုလိုက်လာပါတယ်။ ကုမ္ပဏီက အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 နဲ့ Honor 20 Pro တို့ကို ကြေညာလိုက်ပါတယ်။…

Leave a Comment

Most from this category