0 Shares 62 Views

Motorola ရဲ႕ ေဒါင္လိုက္ေခါက္ခ်ိဳးဖုန္း ဗီဒီယို ထြက္ေပၚလာ

May 17, 2019
0 62

Motorola က ေဒါင္လိုက္ ေခါက္ခ်ိဳးႏုိင္တဲ့ စမတ္ဖုန္း တစ္လံုးကို တီထြင္ေနတဲ့ သတင္းမ်ား အရင္က ထြက္ခဲ့ဖူးပါတယ္။ အခုလည္း YouTube မွာ သူ႔ရဲ႕ ဗီဒီယိုတစ္ခု ထြက္ေပၚလာၿပီး ေခါက္ခ်ိဳးသံုးႏိုင္တဲ့ ပံုသ႑ာန္ကို ျမင္ရပါတယ္။

ဟိုးအရင္က ေခါက္ဖုန္းေတြ ပုံစံအတိုင္း Display ကို ေဒါင္လိုက္ ခ်ိဳးခ်ႏိုင္မယ့္ ဒီဇိုင္းျဖစ္တာ ေတြ႕ရပါတယ္။ ဒါေပမယ့္ ေခါက္ခ်ိဳးႏိုင္တဲ့ မ်က္ႏွာျပင္ ပါလာမွာပါ။ မတူညီတဲ့ ဒီဇိုင္းမ်ားနဲ႔ ေခါက္ခ်ိဳး ဖုန္းမ်ားကို ျမင္ေတြ႕ခဲ့ၾကၿပီးပါၿပီ။ Razr ရဲ႕ ဒီဇိုင္းကလည္း တစ္မ်ိဳးကြဲထြက္ေနပါတယ္။

မၾကာခင္က ေၾကညာခဲ့တဲ့ ေခါက္ခ်ိဳးဖုန္းမ်ားက စြမ္းရည္ျမင့္မ်ားပါ။ ဒါေပမယ့္ Razr မွာ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage မ်ား ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ 2730mAh Battery သာ ပါမွာျဖစ္တဲ့ အတြက္ ဘက္ထရီသက္တမ္း အားနည္းေပမယ့္ ေပါ့ပါးမွာပါ။ ပင္မ မ်က္ႏွာျပင္အႀကီးဟာ ၆.၂ လက္မ ျဖစ္ၿပီး 876x2142p Resolution ရွိပါတယ္။ အျပင္ဘက္မွာ မ်က္ႏွာျပင္ငယ္ အပိုပါၿပီး 600×800 Resolution ျဖစ္ပါတယ္။ သူ႔ရဲ႕ အရြယ္အစားကို မသိရေသးပါဘူး။

အနက္၊ အျဖဴနဲ႔ ေရႊေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ သူ႔ရဲ႕ လွ်ိဳ႕၀ွက္ အမည္ဟာ Voyager ျဖစ္ၿပီး ယခင္သတင္းမ်ားအရ ေဒၚလာ ၁၅၀၀ ေလာက္ တန္ေၾကးရွိပါတယ္။ Galaxy Fold နဲ႔ Huawei Mate X တို႔ထက္ ေစ်းသက္သာမွာပါ။ သူ႔ကို ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ ပါလာႏိုင္ပါတယ္။ ကင္မရာ ၁ လံုးသာ ထည့္သြင္းထားႏုိင္ပါတယ္။

Ref : tnw

[Unicode]

Motorola ရဲ့ ဒေါင်လိုက်ခေါက်ချိုးဖုန်း ဗီဒီယို ထွက်ပေါ်လာ

Motorola က ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း တစ်လုံးကို တီထွင်နေတဲ့ သတင်းများ အရင်က ထွက်ခဲ့ဖူးပါတယ်။ အခုလည်း YouTube မှာ သူ့ရဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီး ခေါက်ချိုးသုံးနိုင်တဲ့ ပုံသဏ္ဍာန်ကို မြင်ရပါတယ်။

ဟိုးအရင်က ခေါက်ဖုန်းတွေ ပုံစံအတိုင်း Display ကို ဒေါင်လိုက် ချိုးချနိုင်မယ့် ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။ မတူညီတဲ့ ဒီဇိုင်းများနဲ့ ခေါက်ချိုး ဖုန်းများကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ Razr ရဲ့ ဒီဇိုင်းကလည်း တစ်မျိုးကွဲထွက်နေပါတယ်။

မကြာခင်က ကြေညာခဲ့တဲ့ ခေါက်ချိုးဖုန်းများက စွမ်းရည်မြင့်များပါ။ ဒါပေမယ့် Razr မှာ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 2730mAh Battery သာ ပါမှာဖြစ်တဲ့ အတွက် ဘက်ထရီသက်တမ်း အားနည်းပေမယ့် ပေါ့ပါးမှာပါ။ ပင်မ မျက်နှာပြင်အကြီးဟာ ၆.၂ လက်မ ဖြစ်ပြီး 876x2142p Resolution ရှိပါတယ်။ အပြင်ဘက်မှာ မျက်နှာပြင်ငယ် အပိုပါပြီး 600×800 Resolution ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားကို မသိရသေးပါဘူး။

အနက်၊ အဖြူနဲ့ ရွှေရောင်များ ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ လျှို့ဝှက် အမည်ဟာ Voyager ဖြစ်ပြီး ယခင်သတင်းများအရ ဒေါ်လာ ၁၅၀၀ လောက် တန်ကြေးရှိပါတယ်။ Galaxy Fold နဲ့ Huawei Mate X တို့ထက် ဈေးသက်သာမှာပါ။ သူ့ကို ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : tnw

You may be interested

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန
Android, Apple, HUBS
0 shares0 views

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန

Ko Thuya - Jul 21, 2019

စမတ္ဖုန္း အေဟာင္းမ်ားကို အသစ္မ်ားနဲ႔ လဲလွယ္ေပးတဲ့ BankMyCell ရဲ႕ ေဒတာမ်ားအရ iPhone ကေန Samsung Phone ေျပာင္းကိုင္မႈ မ်ားျပားေနတယ္လို႔ သိရပါတယ္။ iPhone အေဟာင္း ပိုင္ရွင္မ်ားဟာ iPhone အသစ္မ်ားနဲ႔ လဲလွယ္ျခင္း မရွိေတာ့ဘဲ အျခား ဘရန္းမ်ားကို…

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်

Ko Thuya - Jul 21, 2019

Redmi က စမတ္ဖုန္းမ်ား အျပင္ ပါ၀ါဘန္႔မ်ားကို ထုတ္လုပ္ေရာင္းခ်လိုက္ပါတယ္။ ကုမၸဏီရဲ႕ ပထမဆံုး ပါ၀ါဘန္႔မ်ား ျဖစ္ပါတယ္။ 10000mAh နဲ႔ 20000mAh Power Bank မ်ား ျဖစ္ၿပီး ၅၉ ယြမ္နဲ႔ ၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။…

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ႕ ဓါတ္ပံုမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္မွ ေဘာင္ဟာ ႀကီးမားတာကို ျမင္ရပါတယ္။ Ice Universe က အဲဒီ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category