0 Shares 94 Views

ဂ်ာမနီ ကုမၸဏီက လူငါးေယာက္စီး ေမာင္းသူမဲ့ တကၠစီ ေလယာဥ္ကို ျပသ

May 17, 2019
0 94

ဂ်ာမနီ ကုမၸဏီ တစ္ခုျဖစ္တဲ့ Lilium က လူငါးေယာက္စီး ကမာၻ႕ ပထမဆံုး ေမာင္းသူမဲ့ တကၠစီ ေလယာဥ္ကို ျပသလိုက္ပါတယ္။ ဒီလအေစာပိုင္းမွာ ပထမဆံုးအႀကိမ္ ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းခဲ့ၿပီးၿပီလို႔ ကုမၸဏီက ေျပာပါတယ္။ ခရီးရွည္ ပ်ံသန္းတာမ်ိဳးေတာ့ မဟုတ္ေသးပါဘူး။ ေလယာဥ္ဟာ ေျမျပင္ကေန ေ၀ဟင္ကို ပ်ံတက္ၿပီး အခ်ိန္အနည္းငယ္ ေလထဲမွာ ရပ္နားေနတာပါ။ ၿပီးေတာ့ ေျမျပင္ကို ျပန္လည္ ဆင္းသက္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ အီလက္ထရစ္ ေလယာဥ္ျဖစ္ၿပီး ၆၀ မိနစ္အတြင္းမွာ ၃၀၀ ကီလိုမီတာ ေမာင္းႏွင္ႏိုင္တယ္လို႔ သိရပါတယ္။ အျခား ကုမၸဏီမ်ားကလည္း ေမာင္းသူမဲ့ တကၠစီ ေလယာဥ္မ်ားကို ဖန္တီးေနၾကေပမယ့္ လူႏွစ္ေယာက္သာ လိုက္ပါစီးနင္းႏိုင္ပါတယ္။ Lilium ရဲ႕ စီအီးအိုနဲ႔ ပူးတြဲတည္ေထာင္သူ Daniel Wiegand က “ လူႏွစ္ေယာက္ထက္ ပိုၿပီး ငါးေယာက္အထိ စီးနင္းႏိုင္ဖို႔က ကြ်န္ေတာ္တို႔ ရည္မွန္းခ်က္ ျဖစ္ပါတယ္။ ဒါမွသာ ခရီးသည္မ်ားမ်ား စီးႏိုင္မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

အဲဒီ ေလယာဥ္ကို အီလက္ထရစ္ ေမာ္တာ ၃၆ လံုးျဖင့္ ေမာင္းႏွင္ထားပါတယ္။ ေျမျပင္ကေန ေ၀ဟင္၊ ေ၀ဟင္ကေန ေျမျပင္ ေဒါင္လိုက္ ပ်ံတက္၊ ဆင္းသက္ႏုိင္ပါတယ္။ တစ္ခါအားသြင္းထားရင္ တစ္နာရီၾကာ ပ်ံသန္းႏုိင္ပါတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အခုေတာ့ သူ႔ကို ထပ္မံစမ္းသပ္မႈမ်ား ျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။

ကုမၸဏီက ၂၀၂၀ ခုႏွစ္မွာ သူ႔ကို အေျမာက္အမ်ား ထုတ္လုပ္ႏုိင္မယ္လို႔ ထင္ေၾကာင္း ေျပာပါတယ္။ Airbus , Uber အျပင္ ကုမၸဏီမ်ားစြာကလည္း ေမာင္းသူမဲ့ တကၠစီ ေလယာဥ္မ်ားကို ဖန္တီးေနၾကပါတယ္။ ပညာရွင္မ်ားက ေမာင္းသူမဲ့ တကၠစီ ေလယာဥ္မ်ားဟာ ကားလမ္း ပိတ္ဆို႔မႈမ်ားကို ေျဖရွင္းႏုိင္ၿပီး သဘာ၀ ပတ္၀န္းက်င္ ပ်က္ဆီးမႈကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ ေျပာပါတယ္။

Ref : bbc

[Unicode]

ဂျာမနီ ကုမ္ပဏီက လူငါးယောက်စီး မောင်းသူမဲ့ တက္ကစီ လေယာဉ်ကို ပြသ

ဂျာမနီ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Lilium က လူငါးယောက်စီး ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ တက္ကစီ လေယာဉ်ကို ပြသလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့ပြီးပြီလို့ ကုမ္ပဏီက ပြောပါတယ်။ ခရီးရှည် ပျံသန်းတာမျိုးတော့ မဟုတ်သေးပါဘူး။ လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်ကို ပျံတက်ပြီး အချိန်အနည်းငယ် လေထဲမှာ ရပ်နားနေတာပါ။ ပြီးတော့ မြေပြင်ကို ပြန်လည် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အီလက်ထရစ် လေယာဉ်ဖြစ်ပြီး ၆၀ မိနစ်အတွင်းမှာ ၃၀၀ ကီလိုမီတာ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ အခြား ကုမ္ပဏီများကလည်း မောင်းသူမဲ့ တက္ကစီ လေယာဉ်များကို ဖန်တီးနေကြပေမယ့် လူနှစ်ယောက်သာ လိုက်ပါစီးနင်းနိုင်ပါတယ်။ Lilium ရဲ့ စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ Daniel Wiegand က “ လူနှစ်ယောက်ထက် ပိုပြီး ငါးယောက်အထိ စီးနင်းနိုင်ဖို့က ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါမှသာ ခရီးသည်များများ စီးနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

အဲဒီ လေယာဉ်ကို အီလက်ထရစ် မော်တာ ၃၆ လုံးဖြင့် မောင်းနှင်ထားပါတယ်။ မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင် ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် တစ်နာရီကြာ ပျံသန်းနိုင်ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အခုတော့ သူ့ကို ထပ်မံစမ်းသပ်မှုများ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက ၂၀၂၀ ခုနှစ်မှာ သူ့ကို အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။ Airbus , Uber အပြင် ကုမ္ပဏီများစွာကလည်း မောင်းသူမဲ့ တက္ကစီ လေယာဉ်များကို ဖန်တီးနေကြပါတယ်။ ပညာရှင်များက မောင်းသူမဲ့ တက္ကစီ လေယာဉ်များဟာ ကားလမ်း ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ပြီး သဘာ၀ ပတ်ဝန်းကျင် ပျက်ဆီးမှုကို လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။

Ref : bbc

You may be interested

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္
Android, Huawei, HUBS
0 shares0 views

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္

Ko Thuya - May 22, 2019

Huawei ရဲ႕ စီးပြားေရး လုပ္ငန္းစုမွ စီအီးအို ျဖစ္သူ Richard Yu က ကုမၸဏီရဲ႕ ကိုယ္ပိုင္ Mobile OS ကို ေဆာင္းရာသီ မတိုင္ခင္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေျပာေၾကာင္း သတင္းထြက္လာပါတယ္။ ဟြာေ၀းကေတာ့ OS ကို ျဖန္႔ခ်ီမယ့္…

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ
Android, Huawei, HUBS
0 shares23 views

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ

Ko Thuya - May 22, 2019

Honor က အလန္းစား ကင္မရာမ်ား ပါတဲ့ Honor 20 Pro ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ 48MP Main Camera ဟာ လက္ရွိဖုန္းေတြထဲမွာ အျမန္ဆံုး Aperture ကို ပိုင္ဆိုင္ထားပါတယ္။ OIS နဲ႔ EIS…

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ
Android, Huawei, HUBS
0 shares25 views

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးျခားဆန္းသစ္ေအာင္ျပဳလုပ္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ဘရန္းခြဲ Honor ကလည္း ဒီလမ္းစဥ္ကိုလိုက္လာပါတယ္။ ကုမၸဏီက အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 နဲ႔ Honor 20 Pro တို႔ကို ေၾကညာလိုက္ပါတယ္။…

Leave a Comment

Most from this category